စပါးအသင်းကတော့ဒီနှစ်ပရီးမီးယားလိဒ်ပြိုင်ပွဲမှာအဆင့်၄နေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။စပါးအသင်းဟာဒီနှစ်အမှတ်ပေးပြိုင်ပွဲမှာရာသီကုန်ခါနီးရလဒ်တွေဆက်တိုက်ဆိုးရွားခဲ့တာကြောင့်ချန်ပီယံပြေးလမ်းပေါ်ကနေဆင်းခဲ့ရပါတယ်။စပါးအသင်းဟာဒီနှစ်မှာအဆင့်၄နေရာနဲ့ဝေးခဲ့ပေမယ့်ချန်ပီယံလိဒ်ဗိုလ်လုပွဲသမိုင်းတစ်လျောက်တက်ရောက်ခဲ့ပြီးမှတ်တမ်းအသစ်တွေတင်ဖို့စိတ်အားထက်သန်နေတာပါ။

စပါးအသင်းဟာအဲဗာတန်အသင်းနဲ့နောက်ဆုံးပွဲစဉ်အဖြစ်ကစားခဲ့ပြီးအဆိုပါပွဲအပြီးမှာတော့ကွင်းသစ်ကြီးမှာပရိသတ်တွေကိုနှုတ်ဆက်ခဲ့ကြပါတယ်။အဲ့ဒီနှုတ်ဆက်ချိန်မှာတော့ပရိသတ်တွေကြားမှာစိတ်မကောင်းစရာတစ်ခုကိုကြုံတွေ့ခဲ့ရတာပါ။သူကတော့စပါးအသင်းကိုချန်ပီယံလိဒ်ဗိုလ်လုပွဲရောက်အောင်တစ်ဖက်တက်လမ်းကနေပံ့ပိုးပေးခဲ့တဲ့ဆွန်ယောင်မင်ပဲဖြစ်ပါတယ်။

သူကတော့သူများတွေမိသားစုတွေနဲ့ကွင်းထဲမှာပရိသတ်တွေကိုနှုတ်ဆက်နေချိန်မှာအသင်းဖော်တွေရဲ့ကလေးတွေမိသားစုတွေကိုလိုက်စရင်းနဲ့ပဲဖြတ်သန်းခဲ့ရတာပါ။မိသားစုနဲ့ဝေးကွာနေတဲ့ဆွန်ယောင်မင်အတွက်တော့အဆိုပါအချိန်မှာဝမ်းနည်းမှုတွေအပြည့်ဖြစ်နေပေမယ့်လည်းအကောင်းဆွုံးပျော်ရွှင်စွာဖြတ်သန်းနေတဲ့သူ့ရဲ့စိတ်ဓာတ်လေးကတော့ချီးကျူးစရာပဲဖြစ်ပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။