ခေတ်လေးနဲ့သစ်လေးတို့ရဲ့ ချစ်စရာမေမေ ထရီဇာတစ်ယောက် ဒီဇိုင်နာမင်းသက်စံရဲ့ solo show ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့အလှပဆုံး ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားလေးအတိုင်း သူမက အမွှာလေးမွေး ထားပြီး နှစ်ဆတိုး လှနေပုံပါပဲ။ လင်းလင်းတစ်ယောက်ကတော့ မောင်ကြီးမခွာနိုင်ဖြစ်မှာ အသေအချာပဲနော်။ အပျိုတုန်းကထက်တောင် ပိုပြီးလှနေတဲ့ မေမေထရီဇာရဲ့ ပုံရိပ်လေးတွေက ကျက်သရေရှိလွန်းနေပါတယ်။

အဆိုပိုင်းမှာလည်းပိုင်နိုင်သလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။ သီချင်းခွေတွေထွက်ရှိထားပြီး ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပါပဲ။ လက်ရှိနောက်ဆုံးမှာ " ကတိ " ဆိုတဲ့ တေးစီးရီး Album လေးလည်း ထွက်ရှိထားပါသေး တယ်။ ခင်ပွန်းဖြစ်သူနဲ့အတူတူ သီချင်းတွေဆိုရင်း သမီးလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ သူမကစိတ်ချမ်း သာရလို့ အရင်ကထက် ပိုပိုလှလာတယ်ထင်ပါရဲ့နော်။

ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ " Soccer House " ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ ရွှေရောင်ဝတ်စုံလေးနဲ့ ပွဲတက်လာခဲ့တဲ့ သူမရဲ့ရှုတိုင်းယှဉ် ပုံရိပ်တွေကို " ဒီဇိုင်နာမင်းသက်စံရဲ့ solo show ပွဲကပုံလေးတွေတင်လိုက်တယ်နော်!! အရမ်းလှပတဲ့ ဝတ်စုံ ၆၀ ကို သေသပ်လှပလွန်းအောင် ပြသသွားနိုင်တဲ့ မင်းသက် ရေ..အရမ်းဂုဏ်ယူတယ်နော်!!! " You musn't be afraid to sparkle, a little brighter ,,,my darlings!!" to all my beloved moms " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ရွှေရောင်တလက်လက်နဲ့ လှသွေးကြွယ်လွန်းတဲ့ မေမေချစ်သုဝေရဲ့အလှတွေမှာ မျောလို့ရပြီနော်။

Photo - Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။