"ကျမကမဟေသီ" Mrtv-4 ရုပ်သံဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ရုပ်ကို ပိုင်နိုင်စွာ ဘဘာဝကျကျသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်...။ "မိန်းမချော" ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူမဟာဆိုရင် ချစ်စရာ မျက်နှထားလေးနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။ လူမုန်းများတဲ့ character ဖြစ်ပေမယ့် သူမရဲ့ စိတ်ရော၊ ကိုယ်ပါနှစ်ပြီး သရုပ်ဆောင်ခဲ့တာကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက လေးစားပြီး ဝန်းရံခဲ့ကြတာကိုမြင်တွေ့ရမှာပါ..။ ဝါရင့်သရုပ်ဆောင်ကြီးများရဲ့ ချီးကျူးအားပေးစကားကိုလည်း လက်ခံရရှိထားတာဖြစ်ပါတယ်...။

သံသာမိုးသိမ့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း ရိုက်ကူးလာတာဖြစ်ပါတယ်...။ အချိန်တိုအတွင်းမှာပဲ အောင်မြင်လာတယ်ဆိုတာဟာ အနုပညာလုပ်ငန်း ကျွမ်းကျင်မှုကြောင့်သာလျှင်မဟုတ်ဘဲ စိတ်သဘောထား ဖြူစင်မွန်မြတ်တာ ကြောင့်လို့လည်းဆိုရမှာပါ...။ သံသာမိုးသိမ့်ဟာ ခေတ်လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကို အေးချမ်းသာယာစွာဖြတ်သန်းနေတာဖြစ်ပါတယ်..။ သိပ်မကြာခင်မှာ ပြသတော့မယ့် "အချစ်ဖွဲ့လေညှင်း" ဇာတ်ကားကိုလည်း မင်းသား ကျော်ထက်ဇော်နဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်...။

သံသာမိုးသိမ့်ဟာ ပရိသတ်ကြီးရဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "မတ်မတ်ရဲ့ အိုက်တင်ထုတ်မှုတွေ အောက်မာ မောင်လေးတွေ မနစ်မြောစေချင်" ဆိုတဲ့ status လေးနဲ့တကွ အမိုက်စားပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Than Thar Moe Theint 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။