MFF Myanmar Futsal League 2018 ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သော Victoria University College FC (VUC FC) ဟာ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းမည့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုမဲခွဲပွဲကို ဇွန် ၂၇ တွင် အာရှဘောလုံး အဖွဲ့ချုပ်ရုံးစိုက်ရာ မလေးရှားနိုင်ငံတွင် ကျင်းပမည် ဖြစ်ပါတယ်။  

အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲ ကို မြန်မာနိုင်ငံမှ VUC FC နှင့် အတူ ထိုင်းကလပ် Port Futsal Club၊အီရန်ကလပ် Mes Sungun Varzeqau FC ၊ ဗီယက်နမ် ကလပ် Thai Son Nam FC ၊ လက်ဘနွန်ကလပ် Bank of Beirut FC၊ အီရတ်ကလပ် Naft Al Wasat FC ၊ ဂျပန်ကလပ် Nagoya Oceans FC၊ အင်ဒိုနီးရှားကလပ် Vamos FC ၊ ကာဂျစ်ရီပတ်ပလစ် ကလပ် FCErem ၊ ယူအေအီးကလပ် Al-Dhafra Sport & Cultural Club ၊ တရုတ်ကလပ် Shenzhen Nanling Tielang FC ၊ ကာတာ ကလပ် Al Rayyan SC ၊ တာဂျစ်ကစ္စတန် ကလပ် Soro Company ၊ ဥဇဘက်ကစ္စတန် ကလပ် AGMK FC ၊ တောင်ကိုရီးယား ကလပ် Star FS Seoul နှင့် ကူဝိတ်ကလပ် Kazma SC တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါတယ်။ 

အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ရာ VUC FC သည် မဲခွဲပွဲ ကျင်းပရာတွင် Pot 4 မှပါဝင်လျက်ရှိပါတယ်။ အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲ ကို ဘန်ကောက်မြို့ရှိ Futsal Arena Indoor Stadium တွင် သြဂုတ်လ ၇ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပါတယ်။

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။