လေပြင်းတိုက်ခတ်မှုတွေကြောင့် နေအိမ်အဆောက်အဦးတွေနဲ့အတူ တိရစ္ဆာန်သေဆုံးမှုတွေများစွာရှိခဲ့ပါတယ်။ အဆိုပါ လေပြင်းတိုက်ခတ်မှုတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးလဲ ပါဝင်နေပြီး လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပြတ်ကျခြင်းတွေမကြာခဏဖြစ်ပွားလျှက်ရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျနေလို့ ပြည်သူတွေ သတိပြုကြဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ကြောင်း သိရပါတယ်။ 

မေ ၁၆ ရက်နေ့ မနေ့က ညနေပိုင်းတွင် သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ လမ်းမတော်၊ သန်လျင်၊ တွံတေး၊ ကွမ်းခြံကုန်း စတဲ့ မြို့နယ်တွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တာကြောင့် ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျခြင်း၊ သစ်ပင် သစ်ကိုင်းတွေ ကြိုးကျခြင်းတွေနဲ့အတူ သစ်ပင်ကြီးတွေ ပြိုလဲကာ ဓာတ်အားလိုင်းတိုင်များ လဲကျခဲ့ကြောင်း ဒေသခံအချို့ကို ပြောပြခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်တွေကြောင့် တချို့နေရာတွေမှာ ယာယီ ဓာတ်အားပြတ်တောက်ခဲ့ရကြောင်း သိရပါတယ်။ 

ဓာတ်အားပြတ်တောက်တဲ့ နေရာတွေ ဓာတ်အားပြန်လည်ရရှိရေး လုပ်ဆောင်နေပြီး ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျခဲ့တာကြောင့် လျှပ်စစ်အန္တရာယ် ပေါ်ပေါက်နိုင်လို့ အများပြည်သူတွေ သတိပြုကြဖို့ သတိပေးထားကြောင်း သိရပါတယ်။ ဓာတ်အားလိုင်းကြိုးတွေ ပြတ်တောက် ပြုတ်ကျတာတွေ တွေ့ရှိပါက “YESC CALLCENTER HOT LINE PHONE 1717” နဲ့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေကို ဆက်သွယ်အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ လက်ရှိအများဆုံးဖြစ်ပွားနေတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင်များလဲကျမှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။