90's Kids တွေရဲ့ အသည်းကျော် စမိုင်းလ်တစ်ယောက် လက်ရှိမှာတော့ အမေရိကန် နိုင်ငံကို မိသားစုနဲ့အတူ အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သာယာအေးချမ်း တဲ့ မိသားစုဘဝလေးမှာ သမီးလေးနှစ်ယောက်ထွန်းကားထားပြီး ခင်ပွန်းဖြစ်သူကလည်း သူမကို ကြင်နာပြီး သိပ်ချစ်တာမို့ အမျိုးသမီးတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားသူတစ်ယောက်ပါ။ ကလေးမွေးပြီး အဆမတန်ဝလာတဲ့ သူမရဲ့ ပေါင်ချိန် ၂၀၀ ကျော် ခန္ဓာကိုယ်ကို လှပသွယ်လျလေးဖြစ်သွားအောင် Gym ကစားခဲ့ပြီး အခုဆိုရင် အတော် လေးကို သွယ်နေပြီပဲဖြစ်ပါတယ်။

သူမရဲ့ကြိုးစားမှုတွေကို " Sharing is Caring " ဆိုတဲ့ စာအုပ်လေးထုတ်ဝေပြီး ဗဟုသုတ တွေကို ပြန်လည်ဝေမျှခဲ့ပါသေးတယ်။ အနုပညာအလုပ်တွေ အရင်လိုမလုပ်တော့ပေ မယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။ သူမတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ အမှတ်တရနေ့တစ်ခုခုရောက်တိုင်း တစ်ယောက်ကို တစ်ယောက် Surprise လေးတွေလုပ်ပေးတတ်ပါသေး တယ်။ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ရင်ထဲကမေတ္တာတရားကို အပြန်အလှန်ဖော်ပြတိုင်း ပရိသတ်တွေက အားကျခဲ့ရပါသေး တယ်။

နှစ်ယောက်သား အမေရိကန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ Hell’s Kitchen ဆိုတဲ့ ဆိုင်လေးမှာ သွားရောက်အားပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီဆိုင်လေးဟာ Master chef ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ Gordon Ramsay ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ဆိုင်လေးတစ်ဆိုင် လည်းဖြစ်ပါတယ်။ သူမတို့နှစ်ယောက်ရဲ့ ကြည်နူးမှုပုံရိပ်လေးတွေကို " Master chef ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ Gordon Ramsay ရဲ့ Hell’s Kitchen မှာသွားစားဖြစ်တယ် အကြိုက်ဆုံး Chef ရဲ့ဆိုင်လေးနဲ့အမှတ်တရ " ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

Photo - စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။