ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က အာဏာပိုင်တွေဟာ မဲခွဲဆုံးဖြတ်မှု တစ်ခုပြုလုပ်ခဲ့ပါတယ်။

၎င်းမဲခွဲဆုံးဖြတ်မှုကတော့ Facial Recognition နည်းပညာကို ဝယ်သူအသုံးပြုသင့်မပြုသင့်ဆုံးဖြတ်တာဖြစ်ပြီး နောက်ဆုံးမဲရလဒ်အရ ၎င်းနည်းပညာကို အသုံးပြုဖို့ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့တားမြစ်ခဲ့တဲ့ Facial Tecognition နည်းပညာဆိုတာကတော့ ကိုယ့်ရဲ့မျက်နှာကို မမြင်ရမချင်း လက်ကိုင်ဖုန်း သို့မဟုတ် ကွန်ပျူတာပေါ်မှာ ပစ္စည်းဝယ်လို့မရအောင် ပြုလုပ်ထားတဲ့ နည်းပညာတစ်မျိုးပဲဖြစ်ပါတယ်။

၎င်းနည်းပညာဟာ အမေရိကန်နိုင်ငံက အစိုးရအေဂျင်စီတွေမှာ နှစ်ပေါင်းများစွာအသုံးပြုလာတဲ့ နည်းပညာတစ်ခုဖြစ်သလို အခုအခါ အဲဒီနည်းပညာဟာ cloud computing နဲ့ အေအိုင်နည်းပညာတွေ ပေါ်ပေါက်လာတာနဲ့အတူ ပိုမို အားကောင်းလာတဲ့ နည်းပညာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် ဆန်ဖရန်စစ္စကိုမြို့ရဲ့ အာဏာပိုင်တွေကတော့ လက်ရှိအချိန်မှာ ၎င်းပညာကို တားမြစ်ဖို့ မဲခွဲဆုံးဖြတ်ထားပြီး လာမယ့်သီတင်းအပတ်အတွင်းမှာ ဒုတိယအကြိမ် ထပ်မံမဲခွဲဆုံးဖြတ်ပြီး ဥပဒေအနေနဲ့ ပြဌာန်းတော့မှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် အခုလိုလုပ်ရပ်ဟာ ဆီလီကွန်ဗယ်လီက ကုမ္ပဏီတွေ ဖန်တီးတဲ့ ကိရိယာတွေကို စည်းမျဉ်းသတ်မှတ်ဖို့ ကြိုးပမ်းလိုက်တဲ့ သဘောလည်းဖြစ်ပါတယ် လို့သိရပါတယ်။

SOURCE - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။