ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကတည်းက ရုပ်ရှင်အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ ရုပ်ရှင်လောကမှာဘုရင်တစ်ဆူလိုနေရာယူနေခဲ့ပြီးတော့ သူရဲ့ရုပ်ရှင်ဇာတ်ကားတွေတိုင်းကလည်း ပရိတ်သတ်တွေအသည်းစွဲဖြစ်ပြီး အခုထိအောင်မြင်နေဆဲပါပဲနော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖန်တီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ အနုပညာအတွေ့အကြုံတွေကိုအသုံးချပြီးတော့ ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေတဲ့ကျော်သူဟာ Star Award အကောင်းဆုံးဒါရိုက်တာဆုကိုလည်း ပူပူနွေးနွေးပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူဟာလက်ရှိမှာတော့ ဒဏ္ဍာရီပင်လယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြည်တော်ချစ် လူငယ်အနုပညာရှင်လေးတွေဖြစ်ကြတဲ့ သရုပ်ဆောင်အလင်းရောင်၊ အိချောပို၊ ၊ ထွန်းကိုကိုတို့နဲ့အတူ မြင်နေကျပုံစံတွေနဲ့လုံးဝ ကွဲထွက်တဲ့ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ဖန်တီးပုံဖော်နေပါတယ်နော်။ ဒီတစ်ခေါက်မှာတော့ ကျော် ဇာတ်ကားကိုအသည်းတစ်လှပ်လှပ်နဲ့ ဖြစ်စေမယ့် ဇာတ်ကွက်တွေကိုလည်းဖန်တီးထားပါသေးတယ်။ ရိုက်ကွင်းထဲမှာ ဧရာမငါးမန်းရုပ်ကြီးကို ပရိတ်သတ်တွေမြင်လိုက်ကတည်းက ဇာတ်လမ်းဟာ စိတ်ဝင်စားဖို့ကောင်းမှန်းသတိထားမိကြမှာပါနော်။ကဲ... ကျော်သူတစ်ယောက်သူ့ရဲ့လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တဲ့ ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။