အနုပညာစုံတွဲတွေကြားက အားကျစရာ စုံတွဲ တစ်တွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က ဘာလီကျွန်းကို အပန်းဖြေ ခရီးထွက်သွားလေရဲ့

တစ်နှစ်ပတ်လုံး စီးပွားရေး၊လူမှုရေးတွေအပြင် ချစ်တဲ့ပရိသတ်ကြီးအတွက် အနုပညာလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကိုအခုမှပဲ မီသားစုခရီးပုံရိပ်လေးမြင်ရတော့ ကြည်နူးမိတယ်လေ… 

အခုဆိုရင် သွားတက်လေးနဲ့ချစ်ဖို့ကောင်းတဲ့ပြေတီဦးက

“ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်း ခဲ့တဲ့သူတွေ အားလုံး ဟာ တကယ်တော့ အမျိုးတွေပါပဲ...ဒါကြောင့် ကျွန်တော်က အားလုံးကို အမျိုးတွေ လို့ သတ်မှတ်ပါတယ်...

ဒါကြောင့်....

အမျိုးများအားလုံး မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ....

မနက်ဖြန် သင်္ကြန် ရောက်ပါပြီ...

အားလုံးအဆင်သင့် ဖြစ်ပါပြီလားခင်ဗျာ...” ဆိုပြီ သင်္ကြန်အကြို ဆုထောင်းထားလေရဲ့

သားသား၊မီးမီးတွေနဲ့အတူ တက်ကြွတဲ့ အနုပညာမောင်နှံကိုမြင်တော့ ချစ်တဲ့ပရိသတ်ကြီးလည်းကျေနပ်လိမ့်မယ်ထင်ပါတယ်… 

ဒါနဲ့စကားမစပ်..မနက်ဖြန်သင်္ကြန်ရောက်ပါပြီ…

ပရိသတ်ကြီး ချမ်းမြေ့အေးချမ်းပါစေ….

Source: ပြေတီဦးဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။