အဆိုတော် အာဘွိုင်းကတော့ နတ်သမီးလေးလို ချောမောလှပတဲ့ ချစ်ဇနီးချောလေး မြတ်ရတနာကျော်ကို ပိုင်ဆိုင်ထားရသလို အဆိုတော်၊သရုပ်ဆောင် လွှမ်းပိုင်ကလည်း သွက်သွက်လက်လက်နဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ အဆိုတော်မလေး Bobby Soxer ကို ချစ်သူတော်ထားရတာ ဖြစ်ပါတယ်။ အရမ်းကို လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲနှစ်တွဲက ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အတူဆုံတွေ့ဖြစ်ခဲ့ပြီး ရေခဲပြင်စကိတ်သွားစီးခဲ့ကြပါတယ်။

အာဘွိုင်းတို့စုံတွဲနဲ့ လွှမ်းပိုင်တို့စုံတွဲနှစ်တွဲက မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ " Royal Sportainment Complex " ကို သွားရောက်လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာလေးကတော့ အမိုက်စား ရေခဲပြင်စကိတ်စီးတာလည်း ပြုလုပ်လို့ရပြီး ပျော်ပျော်ပါးပါး Bowling လည်းပစ်လို့ရမယ့် နေရာလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဘွိုင်းတို့စုံတွဲလေးက လွှမ်းပိုင်တို့စုံတွဲလေးနဲ့အတူ ရေခဲပြင်စကိတ်စီးပြီး Vlog ဗီဒီယိုလေးကို ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

အေးခဲလှတဲ့ ရေခဲပြင်ပေါ်မှာ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး စကိတ်စီးနေကြတဲ့ သူတို့စုံတွဲလေးတွေက အရမ်းကို ပျော်ရွှင်ခဲ့ကြတာ တွေ့ရပါတယ်။ ကလေးတွေလို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားနေတဲ့ သူတို့စုံတွဲနှစ်တွဲကိုကြည့်ပြီး ပရိသတ်တွေကတော့ အားကျမဆုံးဖြစ်နေရတော့မှာ အမှန်ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရေခဲပြင်စကိတ်သွားစီးခဲ့ကြတဲ့ အာဘွိုင်းတို့စုံတွဲနဲ့ လွှမ်းပိုင်တို့စုံတွဲရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Our Travel Diaries;

photo credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။