ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲက ၁၅ နှစ်အရွယ်မိန်းကလေးတဦးဟာ သူမမွေးထားတဲ့ ကလေးလေးကို မိဘတွေမသိခင် မြေမြှုပ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းမိန်းကလေးကတော့ သူမကိုယ်ဝန်ရှိနေတာကို မိဘတွေသိမှာ အကြောက်လွန်ပြီး ကလေးကိုမွေးမွေးပြီးချင်း တောထဲကို သွားကာ မြေမြှုပ်ပြီး သတ်ပစ်ဖို့ကြံစည်ခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် ကလေးလေးဟာ သေဖို့ကံတရားမပါသေးတာကြောင့် မြေမြှုပ်ထားတဲ့နေရာကနေ ကယ်တင်ပေးခဲ့တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။

ကလေးကိုကယ်တင်ပေးခဲ့တာကတော့ ဦးနှောက်ဉာဏ်ပြည်ဝတဲ့ လူသားတွေမဟုတ်ဘဲ လူသားတွေထက် ဦးနှောက်ဉာဏ်အရမ်းနိမ့်ကြတဲ့ ခွေးကလေးတစ်ကောင်ပဲဖြစ်ပါတယ်။

၎င်းခွေးလေးဟာ သူ့ရဲ့သခင်နဲ့အတူ တောထဲကို နွားကျောင်းလိုက်လာစဉ် ကလေးလေးကိုမြှုပ်ထားတဲ့နေရာအရောက်မှာ အရှေ့ကိုဆက်မသွားတော့ဘဲ ၎င်းနေရာကို ခြေနဲ့ယက်ပြီး ဟောင်နေခဲ့သလို ၎င်းခွေးလေးရဲ့ ယက်မှုကြောင့်ဘဲ မြေမြှုပ်ခံထားရတဲ့ ကလေးလေးရဲ့ ခြေထောက်တဖက်ဟာ မြေပေါ်ကို ပေါ်ထွက်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ခွေးလေးရဲ့သခင် နွားကျောင်းသားဟာ ဒီဖြစ်ရပ်ကိုတွေ့ရှိသွားပြီး ကလေးငိုသံပါကြားရတာကြောင့် ကလေးလေးကို မြေမြှုပ်ထားတဲ့နေရာကနေ တူးဖော်ပြီး ရွာထဲကို အလျင်အမြန်ပြန်ခေါ်လာခဲ့ပါတယ်။

ရွာထဲကိုရောက်တဲ့အချိန်မှာလည်း ရွာသူရွာသားတွေဟာ ၎င်းကလေးကိုဆေးရုံအမြန်ပို့ဆောင်ပြီး ဆေးကုသပေးခဲ့တာကြောင့် အလေးချိန် ၂၄၀၀ ဂရမ်ရှိတဲ့ ၎င်းကလေးဟာ အခုဆိုရင် ကျန်းကျန်းမာမာနဲ့ လူ့ဘဝကြီးမှာ ဆက်လက်နေထိုင်နိုင်နေပြီပဲဖြစ်ပါတယ်။

အကယ်၍ ခြေထောက်တဖက်ကျိုးနေတဲ့ ခွေးကလေး ဘိင်ပေါင်းသာ ဒီကလေးလေးကို မရှာတွေ့ဘဲ မကယ်တင်နိုင်ခဲ့ဖူးဆိုရင် ကလေးလေးဟာ လူမဆန်တဲ့ မိဘရဲ့လုပ်ရပ်ကြောင့် အသက်သေဆုံးရတော့မှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ကလေးငယ်လေးကို လူမဆန်စွာ မြေမြှုပ်သတ်ပစ်ဖို့ကြံစည်တဲ့ အသက် ၁၅ နှစ်အရွယ်ကလေးအမေကိုလည်း ဖမ်းမိထားပြီဖြစ်သလို ဘယ်လိုအပစ်ပေးသင့်လဲဆိုတာကိုတော့ ပရိသတ်တွေလည်း ပြောပြခဲ့ကြဦးနော်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။