၂၀၁၆ ခုနှစ်မှာ "Miss Workd Myanmar" ဆုကိုပိုင်ဆိုင်ရရှိခဲ့ပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်နေတဲ့ Bella Myat Thiri Lwin ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ သူမဟာဆိုရင် ကိုးရီးယားမလေးလို ဖြူစင်းဝင်းပတဲ့ အသားအရေကိုပိုင်ဆိုင်တာဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း ပြေပြစ်လှပသူပဲဖြစ်ပါတယ်...။ အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်နေတဲ့သူမဟာဆိုရင် ဖက်ရှင် အလန်းစားလေးတွေကို အစဉ်အမြဲဝတ်ဆင်သူလေးလည်းဖြစ်ပါတယ်...။

Bella ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်..။ bella ဟာ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုလည်း တင်ဆက်ပြသလေ့ရှိတာဖြစ်ပါတယ်..။ Mtv သီချင်းတွေကိုလည်းရိုက်ကူးခဲ့တဲ့သူမဟာဆိုရင် ဖွင့်ပွဲ၊ အခမ်းအနားနဲ့ red carpet show ပွဲတွေကိုလည်း တက်ရောက်တာပါနော်...။ သူငယ်ချင်းတွေနဲ့ ဘဝကြီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့သူမဟာဆိုရင် မိဘကိုလည်း လုပ်ကျွေးနေတဲ့ သမီးလိမ္မာလေးပဲဖြစ်ပါတယ်..။

Bella ကပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "1G1 8Hotel" grand opening ပွဲသို့ ဆန်းသစ်လှပသော အဖြူရောင် ဝတ်စုံလေးနဲ့တက်ရောက်ခဲ့ပြီး အမှတ်တရ ပုံရိပ်အချို့ကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Bella Myat Thiri Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။