ပရိသတ်တွေ ချစ်ခင်ပြီးအားကျရဆုံးအတွဲလေးကတော့ လွှမ်းပိုင်နဲ့bobby soxerတို့အတွဲလေးပဲဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ လိုက်ဖက်ညီလွန်းတဲ့အတွဲလေးအဖြစ် ပရိသတ်တွေသာမကပဲအနုပညာရှင်များကပါ သတ်မှတ်ထားကြတာပါ။ သူတို့ရဲ့သီချင်းလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ယနေ့ထက်ထိရေပန်းစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်စလုံးကတော့ အဆိုတော်တွေဖြစ်ပြီး သီချင်းပေါင်းများစွာကို အတူတွဲဖက် ဆိုခဲ့ဖူးပါတယ်။နှစ်ယောက်စလုံးကတော့ ချစ်စရာကောင်းနေပြီး သူတို့နှစ်ယောက်ကိုချစ်တဲ့ ပရိသတ်တွေလည်းများစွာရှိနေပါတယ်။ ဒါ့အပြင် တစ်ယောက်ကိုတစ်ယောက်အသပ်ထက်ချစ်မြတ်နိုးကြတဲ့ စုံတွဲလေးဖြစ်ကြပြီး ဝါသနာပါရာဂီတလမ်းကြောင်းကို အတူလျှောက်လှမ်းနေကြတာပါ။ 

ချစ်စရာကောင်းလွန်းတဲ့ သူတို့အတွဲလေးဟာ ဒီနေ့ဆိုရင် ချစ်သူသက်တမ်းဆယ်နှစ်ကိုရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဆယ်နှစ်အတွင်းမှာလည်း တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေနဲ့ ချစ်ခရီးလမ်းလေးကိုအတူတကွလျှောက်လှမ်းခဲ့ကြတာလည်း အရမ်းကိုအားကျစရာကောင်းလွန်းနေတာပါ။ လွှမ်းပိုင်နဲ့Bobby soxer တို့ချစ်သူနှစ်ဦးလည်း ဒီနေ့မှာကျရောက်တဲ့ ချစ်သူသက်တမ်းဆယ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာ သာယာပျော်ရွှင်တဲ့ ချစ်ခရီးလမ်းတွေကိုအတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Hlwan Paing And Htet Htet Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။