ရွှေမင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်ရတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မြင်သူတိုင်းက နှစ်ခါပြန်ငေးမောကြည့်ရသူလေး ဖြစ်ပါတယ်။ ဖြူဖွေးတဲ့အသားအရေနဲ့ ကြွေရုပ်မလေးလို ချစ်ဖို့ကောင်းတဲ့ ရွှေကစ်က ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင်လည်း အမြင်ရှိသူလေး ဖြစ်ပါတယ်။ ပွဲတိုင်းမှာ မတူညီတဲ့ဖက်ရှင်တွေနဲ့ အမြဲပေါ်လွင်လှပနေတတ်တဲ့ ကစ်ကို အားလုံးက ဖက်ရှင်ဘုရင်မလေးလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခုလည်း ရွှေကစ်လေးက ကြီးကျယ်ခမ်းနားတဲ့ ပွဲတက်ဖက်ရှင်နဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ခြွေယူလိုက်ပြန်ပါတယ်။ မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဒီဇိုင်နာ မင်းသက်စံရဲ့ ''Sweet And Smart ''ပွဲလေးကို ရွှေကစ်လေးက တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ ကစ်လေးက ဒီဇိုင်နာမင်းသက်စံ ကိုယ်တိုင်ဖန်တီးပေးထားတဲ့ အမိုက်စား ဝတ်စုံလေးနဲ့ အရမ်းကို တောက်ပထည်ဝါနေခဲ့တာ ဖြစ်ပါတယ်။

ရွှေကစ်က ရင့်ကျက်တည်ငြိမ်ပြီး နုပျိုလှပလွန်းတဲ့ အမျိုးသမီးတစ်ဦးရဲ့ပင်ကိုယ်အလှတရားတွေကို ထုတ်ဖော်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ကစ်ရဲ့အလှကို တင်စားရမယ်ဆိုရင် ကမ္ဘာကျော်အလှဘုရင်မတွေတောင် ငိုချင်းချသွားစေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကို ထိမိနေတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်ရဲ့ ပွဲတက်အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။