MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေကြားမှာရေပန်းစားနာမည်ကြီးလာတဲ့ မင်းသမီးလေးကတော့ဝင့်ယမုံနိုင်ပဲဖြစ်ပါတယ်။ သူတို့တော့mrtv4ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးကိုရထားပြီးအနုပညာလမ်းပေါ်မှာပရိသတ်အားပေးမှုအပြည့်နဲ့အောင်မြင်နေတာဖြစ်ပါတယ်။

သူမကတော့လက်တလောမှာကြော်ငြာဓာတ်ပုံလေးတွေကိုလည်အများဆုံးရိုက်ကူးနေရတာဖြစ်ပါတယ်။ အနုပညာလောကထဲကိုဝင်ရောက်တာမကြာသေးပေးမယ့်ကြော်ငြာတွေ၊ဇာတ်ကားတွေနဲ့အနုပညာအလုပ်တွေကိုမနားတမ်းလုပ်ကိုင်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ပုံရိပ်တိုင်း ကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းသူ့ရဲ့ပုံရိပ်တိုင်းကိုမပြတ်တမ်းအားပေးနေကြတာပါ။

သူကတော့အနုပညာအလုပ်တွေကိုလည်းနောက်ပိုင်းမှာမအားတမ်းလုပ်ကိုင်နေရတာဖြစ်ပါတယ်။ကြော်ငြာပုံရိပ်လေးတွေကိုခုနောက်ပိုင်းမှာပိုမိုရိုက်ကူးနေရပြီးသူ့ရဲ့ကြော်ငြာပုံရိပ်တွေမှာအလှတွေကထင်ဟပ်စေတာပါ။ခုမှာလည်းစိန်နန်းတော်ကြော်ငြာလေးရိုက်ကွင်းပေါ်ကပုံရိပ်တွေကလည်းတော်ဝင်မင်းသမီးလေးလို့လားတောင်ထင်ဟပ်စေတာပါ။သူ့ရဲ့ပုံရိပ်တိုင်းကိုချစ်ပြီးအားပေးနေတဲ့ပရိသတ်ကြီးအတွက်လည်းတော်ဝင်မင်းသမီးလေးလိုလှနေတဲ့ဝင့်ယမုံနိုင်ရဲ့ရဲသွေးဖြာနေတဲ့အလှပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo - Wint Yamone Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။