ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော် Ar T ကတော့ နားဆင်သူတိုင်း ရင်ကိုထိမှန်စေနိုင်တဲ့ သီချင်းကောင်းလေးတွေကို ရေးဖွဲ့သီဆိုတတ်သူ ဖြစ်ပါတယ်။ အထူးသဖြင့် Ar T က သီချင်းစာသားအလန်းလေးတွေနဲ့ အချစ်၊အလွမ်း၊ အမြူးစတဲ့ ရသမျိုးစုံပေးစွမ်းနိုင်တဲ့ သီချင်းလေးတွေကို ဖန်တီးလေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Ar T ရဲ့သီချင်းတွေက လူငယ်ပရိသတ်တွေကြားမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေရတာပဲ ဖြစ်ပါတယ်။

အခုလည်း Ar T က သူရဲ့ချစ်ပရိသတ်တွေအတွက် ''Live Again '' ဆိုတဲ့သီချင်းလေးရဲ့ Official Music Video လေးကို အသစ်တင်ပေးလိုက်ပါတယ်။ ဒီသီချင်းလေးကတော့ ယနေ့ခေတ်မှာ လူတော်တော်များများက Social Media တွေအသုံးများလာတဲ့အခါမှာ ချစ်သူတွေ အချင်းချင်းတွေတဲ့အချိန်မှာတောင် ရင်းနှီးမှုတွေ ပျောက်ကွယ်ပြီး Zombie တွေလိုဖြစ်သွားကြတာကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ဖြတ်သန်းစေလိုတဲ့စေတနာနဲ့ အဆိုတော်ကျားပေါက် ရေးသားပေးထားတဲ့သီချင်းကို Director Milos Curameng စိတ်ကူးပုံဖော်ရိုက်ကူးပေးထားခြင်းဖြစ်ပါတယ်" ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးမှာတော့ အလင်းရောင်နဲ့ မေတိုးခိုင်တို့က အရမ်းချစ်ကြတဲ့ချစ်သူဘဝကနေ Zombie အဖြစ် ပြောင်းလဲသွားပုံကို အကြောတွေကပ် ကျီးပေါင်းတက်မလိုဖြစ်တဲ့အထိ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ အိုင်ဒီယာ အသစ်အဆန်းလေးနဲ့ အမိုက်စားဖန်တီးထားတဲ့ ဒီသီချင်းဗီဒီယိုလေးက ခဏလေးအတွင်းမှာတင် ကြည့်ရှုသူအများအပြား ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် Ar T ရဲ့အသစ်ထွက်ရှိလာတဲ့ အမိုက်စား သီချင်းဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ar T;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။