ဒီမနက် တက်လာတဲ့ သတင်းကတော့ “ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်” ပါ။

သတင်းဖော်ပြချက်အရတော့ “ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ စခန်းအသီးသီးမှ စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား၊အကျဉ်းသူများ အား လျှော့ရက်ဖြင့် ပြန်လွှတ်ပေးခြင်း”လို့ပါရှိသည်။

အဆိုပါ လွတ်မြောက်မှုမှာ အနုပညာရှင် ရဲတိုက် ပါမလားဆိုပြီး ပရိသတ်ကြီးကတော့ စိတ်ဝင်စားနေကြသည်။

သရုပ်ဆောင်ရဲတိုက် က မူးယစ်ဆေးမှုနဲ့ ထောင် ၆ နှစ် ချခံခဲ့ရတာပါ။

လက်ရှိမှာလည်း သရုပ်ဆောင်ရဲတိုက်က အကျဉ်းထောင်ကလွတ်မြှောက်ဖို့ ပြစ်ဒဏ်ကျခံကာလ အနည်းငယ်သာကျန်ရှိတော့သူပါ။

တောင်ငူထောင်တွင် ပြစ်ဒဏ်ကျခံရနေရသည့် ရဲတိုက်မွေးနေ့က မနေ့က(၁၁.၄.၂၀၁၇) ပါ။ 

၂၀၁၅ စက်တင်ဘာကာလက ရုပ်ရှင်အစည်းအရုံးဥက္ကဌ အပါအဝင်အနုပညာရှင်၁၀၀ ဦးက စုပေါင်းလက်မှတ်ထိုးကာသက်ဆိုင်ရာသို့ ရဲတိုက်ကို လွှတ်ငြိမ်ချမ်းသားခွင့်ပေးပါက ထည့်သွင်းစဉ်းစားပေးရန် အသနားခံစာတင်ခဲ့ဖူးသည်။

သရုပ်ဆောင်ရဲတိုက်သည် ၂၀၁၃ခုနှစ် ဇူလှိုင် ၂၅ရက်နေ့က ဆေးခြောက်အနည်းငယ်လက်ဝယ်တွေ့ရှိမှုဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ်၆နှစ်ချမှတ်ခံရပြီးတစ်နည်းလျော့ပေါ့က ထောင်ဒဏ်၅နှစ်ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။ဗိုလ်တစ်ထောင်ဘုရားကျောင်းအတွင်း

ရုန်းရင်းဆန်ခတ်မှုကြောင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းခံရသည်။

ထို့ကြောင့်အမှု နှစ်မှုပေါင်းထောင်ဒဏ် ၆နှစ်စုပေါင်းကျခံနေရခြင်းဖြစ်သည်။

Source: နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။