ချစ်စရာကောင်းတဲ့ တက်သစ်စမင်းသမီးလေး ငွေမှုန်ရတီတစ်ယောက် အမဖြစ်သူရဲ့ မွေးနေ့အလှူလေးမှာ မြန်မာဆန်ဆန်အဖြူရောင်ဝတ်စုံလေးနဲ့ အလှကြီးလှလို့နေပါ တယ်။ လုံးကြီးပေါက်လှခန္ဓာကိုယ်လေးက ပြစ်မျိုးမှဲ့မထင်လှရက်နိုင်လွန်းတာကြောင့် အားလုံးရဲ့အသည်းကျော်လေး ဖြစ်လို့နေပါတယ်။ အမဖြစ်သူကလည်း အနုပညာ လမ်းကြောင်းပေါ်က ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်သလို သူမကလည်း အမရဲ့ခြေရာ ကို အပြည့်အဝနင်းမယ့် မင်းသမီးလေးပါပဲ။

ညီမနှစ်ယောက် အမြဲလိုလို တိုင်ပင်ဖြစ်ပေမယ့် ကိစ္စတိုင်းကိုတော့ မတိုင်ပင်ဖြစ်ဘူး လို့ဆိုပါတယ်။ အမဖြစ်သူ အိမ်ထောင်ပြုတော့လည်း သူမက အစအဆုံးကူညီပေးပြီး အမဖက်မှာအမြဲတမ်းရပ်တည်ပေးခဲ့တဲ့ ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးမှာရော ဒီလိုချစ်စရာ ကောင်းတဲ့ညီမလေးတစ်ယောက်ရှိလား။ အမဖြစ်သူရဲ့ မနက်ခင်းမွေးနေ့အလှူလေးမှာ အေးချမ်းနေတဲ့ သူမရဲ့အဖြူရောင်ပုံရိပ်လေးတွေက ကျက်သရေရှိလွန်းနေပါတယ်။

မွေးနေ့အလှူပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို " အဖြူရောင်ကအေးချမ်းပါ တယ် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အသက်အရွယ် ငယ်ရွယ်ပေမယ့် အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်အားပေးမှုတွေလည်း ရရှိနေတဲ့ ချစ်စဖွယ်မိန်းမငယ် လေး ငွေမှုန်ရတီရဲ့ မြန်မာဆန်ဆန် ယဉ်ယဉ်ကျေးကျေးပုံရိပ်လေး တွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Ngwe Hmone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။