ဂျော်ဒန်နိုင်ငံရဲ့ မြို့တေ်ာ အမန်မှာတော့ ပြီးခဲ့တဲ့ ၁၄ ရကနေ့ကစတင်ပြီး ယီမင်စစ်ပွဲအတွင်းမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ စုဝေးပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

၎င်းဆွေးနွေးပွဲကိုတော့ ကမ္ဘာ့ကုသမဂ္ဂဟာ သန်းနဲ့ချီတဲ့ ယီမင်နိုင်ငံသားတွေရဲ့ အသက်သွေးကြောတခုြစ်တဲ့ ဟိုဒေးဒါ ဆိပ်ကမ်းကရတဲ့ ဘဏ္ဍာငွေတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ဆွေးနွေးဖို့ ကျင်းပပေးခဲ့တာလို့သိရပါတယ်။

၎င်းဆွေးနွေးပွဲအတွင်းမှာတော့ ဟိုဒေးဒါ၊ ဆာလိဖ်နဲ့ ရတ်စ်အီဆာ စတဲ့ ယီမင်ဆိပ်ကမ်းသုံးခုကနေရတဲ့ ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲဖို့နဲ့ အဲဒီငွေတွေကို အများပြည်သူဆိုင်ရာ ကဏ္ဍတွေက ဝန်ထမ်းတွေကို လစာပေးရာမှာ သုံးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သို့ပေမယ့် ၎င်းဆွေးနွေးပွဲဟာ မည်ကဲ့သို့သော သဘောတူညီချက် တခုမှမရဘဲ ပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၎င်းဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ ယီမင်အစိုးရကိုယ်လှယ်အနေနဲ့လည်း

ဆိပ်ကမ်းသုံးခုကနေ ရလာတဲ့ ဘဏ္ဍာငွေတွေကို ယီမင်ဗဟိုဘဏ်ကို လွှဲပေးရေးအချက်ကို ဟူသီသူပုန်အဖွဲ့က လက်မခံတာဟာ ဟူသီတွေအနေနဲ့ ၂၀၁၈ ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း လိုက်နာဖို့ ဆန္ဒမရှိဘူးလို့ ပြောကြားထားကြောင်း သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။