ချစ်ပရိတ်သတ်ကြီးရေ... ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းလေးတွေကို ပရိတ်သတ်တွေရင်ထဲ တခုခုခံစားရအောင်သီဆိုနိုင်တဲ့ အဆိုတော်မလေး ပိုပိုကို ပရိတ်သတ်တွေသိကြပြီးသားပါပဲနော်။ သူမဟာ ချစ်ဖူးခဲ့သမျှဆိုတဲ့ သီချင်းခွေလေးနဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သူလေးပါပဲနော်။

ဒါကြောင့် သူမဟာ အခုအချိန်မှာဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အခြေခိုင်ခိုင်နဲ့ လျှောက်လှမ်းနေနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ မဆုတ်မနစ်နဲ့ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့် လည်း အချိန်တိုတိုလေးအတွင်းမှာ ကျော်ကြားလာခဲ့ရခြင်းပဲဖြစ်ပါတယ်နော်။ သူမဟာ လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း သူမချစ်တဲ့ ပရိတ်သတ်ကြီးတို့အတွက် သူမရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးနေကျလည်းဖြစ်တော့ ပရိတ်သတ်တွေနဲ့ လုံးဝအဆက်အသွယ်မပြတ်သွားခဲ့ပါဘူးနော်။

သူမဟာ အခုတစ်ခါမှာတော့ လွန်ခဲ့တဲ့(၂)နှစ်လောက်ကရိုက်ထားတဲ့ ပုံရိပ်ဟောင်းလေးတွေကို ထုတ်ပြပြီးတော့ ပရိတ်သတ်တွေကို သူမရဲ့ပြောင်းလဲသွားတဲ့အလှတရားတွေကို ထုတ်ကြွားခဲ့ပါတယ်နော်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က ပိုပိုဟာလည်း တစ်မျိုးတစ်ဖုံ ချစ်စရာကောင်းလွန်းနေသလို လက်ရှိပိုပိုလေးဟာလည်း ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားမြဲပါနော်။ ကဲ.... ချစ်ပရိတ်သတ်ကြီးရော ပိုပိုလေးကို ဘယ်လိုပုံစံမျိုးနဲ့ဆို ပိုချစ်ဖို့ကောင်းတယ်ထင်လဲ ပြောသွားကြပါအုန်းနော်။

Source : Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။