ပရိသတ်အသည်းကျော်ကြီး အောင်လအန်ဆန်းကတော့ လက်ဝှေ့လောကမှာ နာမည်ကြီးကြောက်စရာအကောင်းဆုံး ကမ္ဘာသိချန်ပီယံတစ်ဦးလည်းဖြစ်ပါတယ်။ လက်ဝှေ့စည်းဝိုင်းထဲမှာ ဖိုက်တာတစ်ဦးဖြစ်ပေမယ့် မိသားစုအပေါ် အလွန်ချစ်တက်တဲ့ ဖခင်ကောင်လည်းဖြစ်ကြောင်း အမြဲသူ့ရဲ့ လုပ်ရပ်လေးတွေနဲ့အတူ ပြသတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်စရာသားတစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး အားလပ်ရက်ရက်အချိန်တိုင်းကို သားဖြစ်သူအတွက် အမြဲအချိန်ပေးလေ့ရှိတာလည်းတွေ့ရပါတယ်။  

မကြာသေးမီက အောင်လအန်ဆန်းကတော့ သားဖြစ်သူရဲ့ကြီးထွာလာမှုနဲ့ပတ်သက်ပြီး ရင်ဖွင့်ထားတာတွေ့ရပါတယ်။ အဆိုပါ အောင်လအန်ဆန်းရဲ့ စာသားလေးကတော့ " ကျွန်တော်တို့ကလေးတွေဘယ်လောက်တောင်အရွယ်ရောက်တာမြန်လိုက်သလဲဆိုတာ ကြည့်ပါဦး။ သူတို့တွေကြီးပြင်းလာတာနဲ့အမျှ သူတို့တွေက ကျွန်တော်တို့မိဘတွေရဲ့ သည်းခံနိုင်စွမ်းတွေကို စပြီး အကဲစမ်းကြတော့တာပဲ ။ ဒီတစ်ပတ်တေ့ာ ကျွန်တော်သားလေးကို နှစ်ညလောက် လူကြမ်းလုပ်ပြလိုက်ရတယ်။ သူလေးနှစ်အရွယ်မှာ ကျွန်တော်နားလည်လာတာကသူ့အသက်နှစ်နှစ်သုံးနှစ်လောက်မှာဖြေရှင်းရတဲ့ပြသနာနဲ့မတူတော့ဘူးဆိုတာပဲ။ ဒါကြောင့် ကလေးတွေ အရွယ်ရောက်ကြီးပြင်းလာသလိုဘဲ ကျွန်တော်တို့ရဲ့ ကလေးပြုစုပျိူးထောင်တဲ့ အရည်အချင်းတွေလည်း ပိုပြီးမြင့်လာရမယ်။ သင်္ခန်းစာက မေမေတို့ ဖေဖေတို့ရေ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး သူတို့လေးတွေကို ပြုစုပျိုးထောင်ကြရအောင်ဆိုတာပါ။ " ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။  

၄ နှစ်ပြည့်သွားပြီဖြစ်တဲ့ သားဖြစ်သူ အောင်ဒီးကို အမြဲပျော်ရွှင်အောင်ထားတက်ပြီး သားဖြစ်သူရဲ့ လိုအပ်ချက်တွေကိုလည်း အမြဲဖြည့်စည်းပေးတက်သူတစ်ယောက်ဖြစ်ကြောင်း သိပါတယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့ အောင်ဒီးကတော့ မကြာမီကျောင်းတက်ရတော့မှာဖြစ်ပြီး ဖခင်ရဲ့ အမွေကိုလည်း ထိန်းိသမ်းချင်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ ချစ်စရာသားဖြစ်သူကို ပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်းတို့ သားအဖပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA NSANG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။