မြန်မာသက္ကရာဇ်အရ ဧပြီ လဆိုတာ မြန်မာတို့ရဲ့ တန်ခူး နှစ်သစ်ပဲဖြစ်ပါတယ်။ ဒီလို အချိန်အခါသမယ မျိုးမှာ နှစ်သစ်က အညစ်အကြေးတွေကို ဆေးကြောတဲ့ အနေနဲ့ ကုသိုလ်ကောင်းမှုတွေပြုကြ အလှူအတန်းတွေ လုပ်ကြ စသဖြင့် ကောင်းခြင်းမင်္ဂလာ ပြည့်စုံစွာ နှစ်တစ်နှစ်ကို စတင်ကြလေ့ရှိပါတယ်…

ယခုအခါမှာတော့ နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာ အဖြာဖြာနဲ့ စတင်ခဲ့ကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။ နာမည်ကြီး မင်းသမီးလေး ဝတ်မှုန်ရွှေရည်ကတော့ ခရစ်ယာန် သီလရှင်ဘိုးဘွာရိပ်သာမှာ ကောင်းမှုလှူဒါန်းမှုပြုခဲ့တဲ့ အပြင် ဧပြီလ ၁၁ ရက်နေ့ကလည်း အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ မှာ လှူဒါန်းခဲ့ပြီး နှစ်သစ်ကို ကောင်းမြတ်ခြင်းတွေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

ထိပ်တန်းဝါရင့် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မခိုင်လေးတို့ မိသားစုကလည်း ရွှေတီဂုံဘုရားကြီးမှာ ဆီမီး (၁၀၀၀) ကပ်လှူ ပူဇော်ခဲ့ပြီး ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ပါသေးတယ်။

ထို့ပြင် နာမည်ကြီး အဆိုတော်ဖြစ်တဲ့ ဉာဏ်လင်းအောင်ကလည်း သူ့ရဲ့ (၂၈) နှစ်ပြည့်မွေးနေ့ပွဲအတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ တိပိဋက ကျောင်းတော်မှာ နေ့ဆွမ်းကပ်လှူ ပူဇော်ခဲ့ခြင်းဖြင့် နှစ်သစ်မှာ ကောင်းမှုပြုခဲ့ပါတယ် ပရိသတ်ကြီးရေ……

နာမည်ကြီး သရုပ်ဆောင် ညီမတွေဖြစ်ကြတဲ့ မကြီးစိုးနဲ့ ဒါဒါတို့ကလည်း ချစ်ရတဲ့ သားတော်မောင်နဲ့ တူတော်မောင်ကို ရဟန်းခံပေးပြီး ကုသိုလ်ထူးကုသိုလ်မြတ်တွေ ယူခဲ့ကြပါတယ်။ ဒါ့အပြင် သရုပ်ဆောင် မေကဗျာကလည်း ဧပြီလ (၉) ရက်နေ့က ပြင်ဦးလွင်မြို့ ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…

နာမည်ကြီး အဆိုတော် ပိုပိုကလည်း ဝါးတစ်ရာမှာ တည်ထားကိုးကွယ်တဲ့ ဘုရားအတွက် ကျပ်သိန်း ၅၀ နဲ့ ဒုလ္လဘရဟန်း အပါး ၂၀ အတွက် ၁၀ သိန်း အပြင် ဘုရားဌာပနာအဖြစ် Shwe FM မှ ဆုရထားတဲ့ ရွှေပြားနှစ်ချပ်ကို လှူဒါန်ခဲ့ပါတယ် တဲ့ ပရိသတ်ကြီးရေ……

နှုတ်လူ သာဓုခေါ်စေသော်ဝ်…………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။