ပြီးခဲ့တဲ့ မေလ (၁၆) ရက်နေ့ကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီရဲ့ အသက်(၂၁) ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မွေးနေ့မှာတော့ ရွှေမှုန်လေးက သူမချစ်ရတဲ့ မိသားစု၊ ပရိသတ်တွေနဲ့အတူ မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းတိုက်မှာ အလှူတစ်ခု သွားရောက်ပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ သူမရဲ့ We Love အဖွဲ့သားတွေက ပျော်ရွှင်စရာမွေးနေ့ပွဲလေးကို ဖန်တီးပေးခဲ့ပါတယ်။

ညပိုင်းမှာတော့ ချစ်ခင်ပွန်းရွှေထူးက ဇနီးချောလေး ရွှေမှုန်ရတီအတွက် အရမ်းကို Romantic ဆန်လွန်းတဲ့ မွေးနေ့ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အားလုံးရဲ့အချစ်တွေကို တစ်ဝကြီးရရှိခဲ့တဲ့ ရွှေမှုန်လေးကတော့ သူမရဲ့မွေးနေ့မှာ အရမ်းကို ပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ရွှေမှုန်ရတီက မွေးနေ့မနက်ပိုင်းမှာ ချစ်ရတဲ့ မိသားစုတွေ စုံစုံလင်လင်နဲ့ အလှူပြုခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးထားတာ တွေ့ရပါတယ်။

ရွှေမှုန်ရတီက " မနက်ပိုင်းမွေးနေ့အလှူ မိသားစု စုံလင်စွာဖြင့် " ဆိုပြီး ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ သူမတို့မိသားစုရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ လူစုံတက်စုံနဲ့ စေတနာသဒ္ဓါတရားထက်သန်စွာ အလှူအတန်းတွေ ပြုလုပ်နေတဲ့ ရွှေမှုန်မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စရာကောင်းလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေမှုန်ရတီရဲ့ မွေးနေ့အလှူပွဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Shwe Mhone Yati;

Photo by Moe htet;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။