ပရိသတ်တွေအကုန်လုံး တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းမင်းသားချောဖြစ်တဲ့ လူပျိုကြီး ဆိုဂျီစပ်ကို သိကြမှာပါ.. မိန်းကလေးပရိသတ်တွေရဲ့ အချစ်ဦးဆိုရင်လည်း မမှားပါဘူး..။ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ ဆိုဂျီဆပ်ဟာ သူရဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ဇာတ်ကားကောင်း တော်တော်များများတွေကြောင့်လည်း ယောကျာၤးလေး ပရိသတ်တွေကပါ အားပေးကြတာ တွေ့ရပါတယ်နော်..။ သူရဲ့ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအပြင် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိလို့တဲံ body တွေနဲ့ ဥပဓိရုပ်ရည်တွေကြောင့် ပရိသတ်တွေအကြား အမြဲရေပန်းစားတဲ့ ထိပ်တန်းမင်းသားချောတစ်ဦးပါပဲနော်..။  

Announcer တစ်ယောက် ဖြစ်တဲ့ သူ့ထက် အသက် (၁၇)နှစ်ငယ်တဲ့ ကောင်မလေးနဲ့ ချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ သတင်းဟာ မေလ(၁၇)ရက်နေ့က ထွက်ရှိခဲ့ပြီး ပရိသတ်တွေကိုလည်း အတည်ပြုပြောကြားလာတာမို့ ပရိသတ်တွေကြား မယုံနိုင်လောက်အောင် အံ့သြနေခဲ့ကြပါတယ်..။ So Ji Sub တစ်ယောက် ဆိုးလ်မြို့ Hannam-dong ရပ်ကွက်မှာရှိတဲ့ ကော်ဖီဆိုင်ထဲကိုဝင်ပြီး ချစ်သူ ကောင်မလေးအတွက် ကော်ဖီဝယ်ပေးတဲ့ ပုံတွေအပြင် သူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူ လမ်းလျှောက်နေတဲ့ ပုံတွေကို Dispatch က ဖော်ပြခဲ့တာ ဖြစ်ပါတယ်..။  

အသက်(၂၅)နှစ်ရှီပြီဖြစ်တဲ့ ဆိုဂျီဆပ်ရဲ့ ချစ်သူကောင်မလေး Jo Eun Jung နဲ့ So Ji Sub တို့ သူတို့ချစ်သူနှစ်ယောက်ဟာ ၂၀၁၈ခုနှစ် မတ်လ တုန်းက " Be With You " ဆိုတဲ့ဇာတ်ကားနဲ့ပတ်သတ်ပြီး အင်တာဗျူးလုပ်ရင်း စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ချစ်သူတွေ ဖြစ်နေတဲ့ အကြောင်းလေးကိုလည်း ရဲ့အေဂျင်စီကလည်း "ဟုတ်ပါတယ်.... So Ji Sub နဲ့ Jo Eun Jung တို့ကတွဲနေကြတာ မှန်ပါတယ်...သူတို့တွေလည်း တကယ့်ကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်ကြပါတယ်.... တွဲနေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာကိုတော့ ကျွန်တော်တို့ သိခွင့်မရှိပါဘူး.... အဲ့ကိစ္စက မင်းသားရဲ့ Personal Life နဲ့ ပတ်သတ်နေပြီလေ" ဆိုပြီး So Ji Sub ရဲ့ အေဂျင်စီက ပရိသတ်တွေကို အသိပေးပြောပြခဲ့ပါတယ်။ 

Source : Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။