Priyanka Chopra ဟာဆိုရင် တက်လာတဲ့ပွဲတိုင်းမှာ သူမရဲ့ ဝတ်စုံတွေဟာ အမြဲတမ်းလိုလို ခမ်းနာကြီးကျယ်လှပါတယ်။ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ ကြာသပတေးနေ့က ကျင်းပပြုလုပ်သွားတဲ့ Cannes ရုပ်ရှင်ပွဲတော်ကိုလဲတက်ရင်း ကမ္ဘာကျော်ဂီတအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Elton John ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Rocketman ကားရဲ့ဖွင့်ပွဲကိုလဲ တက်ရောက်ခဲ့ပါတယ်။ သူဝတ်ဆင်လာတဲ့ ဝတ်စုံဟာဆိုရင်တော့ ပုံမှာတွေ့တဲ့အတိုင်းပါပဲ တလက်လက်တောက်နေတဲ့ ကျောက်လေးတွေနဲ့ လူတွေရဲ့အမြင်အာရုံကို ဆွဲဆောင်နေပါတယ်။ 

ငွေရောင်နားကပ်နဲ့ စိတ်လက်စွပ်တို့ကိုလဲ ဝတ်ဆင်ထားကာ သူမရဲ့ Fashion ကတော့ မြင်သူငေးပါပဲ။ Priyanka ဟာဆိုရင် ပြီးခဲ့တဲ့နှစ်က အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Nick Jonas နဲ့ လက်ထပ်ခဲ့ပါတယ်။ အစီအစဉ်တစ်ခုမှာ Nick ကို လက်ထပ်ခွင့်ဘယ်လိုတောင်းခဲ့လဲဆိုပြီမေးခဲ့ရာ Nick က " ကျွန်တော်ဒူးကို တစ်ဖက်ထောက်ပြီးတော့....မင်းလေးငါ့ကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်အောင်လုပ်ပေးမှာလား...ပြီးတော့ ငါ့ကိုလက်ထပ်မှာလား .....ဟာသမဟုတ်ခဲ့ဘူး....သူမအချိန်ကို ၄၅စက္ကန့်လောက် တိတ်ဆိတ်နေခဲ့ပါတယ်...အာ့နဲ့ကျွန်တော်သူ့ကို လက်စွပ်ဝတ်ပေးခဲ့ပါတယ်...အနည်းဆုံးတော့သူမ ငြင်းလို့မရတော့ဘူးလေ " ဆိုပြီပြောပြခဲ့ပါတယ်။ 

၂၀၁၉ခုနှစ် Cannes ရုပ်ရှင်ပွဲတော်ဟာဆိုရင် မေ၂၅ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ အဲ့နေ့ပွဲကိုတော့ သူမအပြင် Rocketman ကားထဲကသရုပ်ဆောင်တွေနဲ့ တခြားသော အနုပညာရှင်တွေပါ တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကကျင်းပပြုလုပ်သွားတဲ့ပွဲကိုတော့ Selena Gomez ကသူ့မရဲ့ရုပ်ရှင်ကားဖွင့်ပွဲမို့ တွဲဖက်သရုပ်ဆောင်တွေနဲ့အတူ တက်ခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် Chopra တက်ရောက်လာတဲ့ Fashion ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။