လူသားတွေအသုံးပြုနေကြတဲ့ ဒီလူမှုကွန်းရက်ကြီးဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်မှုတွေရှိလာမယ်....တစ်နေရာကနေတစ်နေရာကို ရှေ့ခေတ်ကလို့ စာပို့စရာမလို့ပဲ ပို့နိုင်တယ်...သတင်းတွေဖတ်လို့ရတယ် ကြေငြာလို့ရတယ်။ အဲ့လိုအမျိုးမျိုးရှိသလို တခါတလေမှာလဲ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲဆိုတော့ လိမ်လည်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ လူတွေမထင်ရင်မထင်သလိုဖြစ်တတ်တဲ့ ကိစ္စတွေရှိနေတက်ပါတယ်။  

လူမှုကွန်းရက်ပေါ်က Video အတုတွေကြောင့် လူတွေနဲ့ အွန်းလိုင်းသတင်းသမားတွေရဲ့ စီးပွားရေးကိုထိခိုက်နိုင်ပါတယ်။ တချို့သော ဗီဒီယိုတွေဟာ လူတွေကို တကယ်မဟုတ်ပဲ စိတ်ဝင်စားမှုရှိလာအောင်ကြံဖန်လုပ်တာဖြစ်ပြီး အဲ့လိုမျိုးအတုတွေကို လူတွေ Share ကြမယ် ပြန်တင်ကြမယ်ဆိုရင် တခါတလေဆို အကောင်တွေ Lock ကျသွားမယ်....တချို့သတင်း Website တွေဆိုရင်အပိတ်ခံလိုက်ရတဲ့ထိဖြစ်ကုန်ပါတယ်။ ၂၀၁၇မှာဆိုရင် မှားယွင်နေတဲ အွန်းလိုင်းပေါ်က ဆေးအညွှန်းကြောင့် ကင်ဆာနဲ့သေခဲ့ရတဲ့ လူတစ်ယောက်ရှိပါတယ်။ 

အဲ့လိုမှားယွင်းနေတာကို ခွင့်ပြုပြီတင်တဲ့ လူမှုကွန်းရက်ကြီးဟာ သေသေချာချာတော့ စစ်ဆေးသင့်ပါတယ်။ ခုခေတ်မှာလဲ တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာပြီမို့ အဲ့လိုမှားယွင်နေတဲ့ဟာတွေကို အသိပေးတဲ့သူတွေရှိနေပါပြီ။ တချို့သူတွေဟာ တက်လာတဲ့သတင်းအမှန်တွေကို အတုတွေပြောင်းတက်ကြပါတယ်။ အဲ့လိုတွေကြောင့်လဲ India မှာဆိုရင်လူတစ်ယောက်ဟာ ရိုးရိုးသားသား အလုပ်ရှာဖို့မြိုပတက်လာပေမဲ့ သူဟာ ပြန်ပေးဆွဲသမားဆိုတဲ့ သတင်းကိုတင်လိုက်ရာ လူတွေက သူ့ကိုလမ်းပေါ်မှာအမျိုးမျိုးနှိပ်စက်ခဲ့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။ ကွန်းရက်ပေါ်မှာ မှားယွင်းနေတဲ့အရာတွေရှိတာမို့ အမှန်အမှားခွဲခြားတက်ကြပါစေ။ 

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။