ပရိသတ်ကြီးရေ အရမ်းချစ်စရာကောင်းတဲ့မင်းသမီးချောလေး ခြူးလေးကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်လာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေပါပြီနော်။ခြူးလေးကို အားပေးချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြားရှိနေပြီဖြစ်လို့ ခြူးလေးအတွက် ပရိသတ်ခွန်အားတွေရနေတာပါ။ခြူးလေးကို ပရိသတ်တွေက ဇာတ်လမ်းတွဲတွေကနေစပြီး အားပေးလာတာဖြစ်ပါတယ်။

ခြူးလေးရဲ့ ချစ်စရာအမူအရာလေးတွေနဲ့ ကစားထားတဲ့ Tiktok လေးတွေကိုလည်း ပရိသတ်တွေက အားပေးကြပြီး Tiktok ဘုရင်မလေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူရဲ့လှုပ်ရှားမှုမှန်သမျှကို ပရိသတ်တွေအတွက် မျှဝေနေကျဖြစ်ပါတယ်။ခြူးလေးက ချစ်စရာမျက်နှာလေးနဲ့ အေးချမ်းတဲ့အလှတရားလေးကို ပိုင်ဆိုင်ထားပါတယ်နော်။

အခုဆိုရင်တော့ ခြူးလေးက"မောင် လိုချင်တဲ့ ဘဝ အတွက် နှလုံးသားကို လမ်းခင်းပေးမယ် မောင်ရယ် ကျေနပ်တော့နော် ခွင့်လွှတ်ပါ "ဆိုပြီး ရိုမန့်ဆန်ဆန်စကားလုံးလေးတွေ ရေးသားထားပြီး စတိုင်တစ်မျိုးနဲ့အရမ်းလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို မျှဝေထားပါတယ်နော်။ကလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးနေပြီး ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိသတ်ရဲ့နှလုံးသားကို ဖမ်းစားညှို့ယူနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source:Chue Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။