ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါမှာ အရမ်းလှတဲ့မင်းသမီးတွေဖြစ်တဲ့ နှင်းဝတ်ရည်သောင်း အေးဝတ်ရည်သောင်းတို့ညီအစ်မနှစ်ယောက်ကို သိကြမှာပါနော်။ညီအစ်မနှစ်ယောက်လုံးက ကျော့ရှင်းပြေပြစ်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားလို့ တစ်ခေတ်ကအလှမယ်ဆုတွေတောင် ရရှိခဲ့ကြတာပါ။အခုချိန်မှာဆိုရင်တော့ နှင်းသောင်းက ရေခြားမြေခြားမှာ စီးပွားရေးလုပ်ကိုင်ကာ အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး ညီမငယ်အေးသောင်းကတော့ အနုပညာလောကထဲကို တဖန်ပြန်လည်ထွက်ပေါ်လာပါပြီနော်။

အေးသောင်းက မြန်မာဆန်ဆန်ဒီဇိုင်းလေးတွေနဲ့ သူမရဲ့ကျက်သရေရှိတဲ့အလှကို ပေါ်လွှင်စေလို့ ပုရိသတွေကြားမှာ အပျိုကြီးမမတစ်ယောက်အဖြစ် ရေပန်းစားလာတာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပြန်လည်ရိုက်ကူးနေပြီး အေးသောင်ရဲ့အိုင်တင်တွေက ပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေက အကယ်ဒမီဆုကြီးတောင် ရစေချင်ခဲ့ကြတာပါ။အေးသောင်းကတော့ လူလတ်ပိုင်းအရွယ်ရောက်လာတာတောင် တစ်နေ့တစ်ခြားပိုပိုနုပျိုလာပြီး အရမ်းလှလာပါတယ်နော်။

အေးသောင်းက မနေ့ညက ဒီဇိုင်နာမင်းသက်စံရဲ့တကိုယ်တော်ပြသခဲ့တဲ့ ဖက်ရှင်ရှိုးပွဲလေးကိုသွားပြီးအားပေးခဲ့ပါတယ်။ဒီဇိုင်နာမင်းသက်စံချုပ်ပေးထားတဲ့ ဝတ်စုံလေးကိုဆင်မြန်းပြီး သူမရဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှလေးကို ပရိသတ်တွေက ငေးမောသွားရပါတယ်နော်။အခုဆိုရင်တော့ ပရိသတ်ကြီးအတွက် မအေးသောင်းရဲ့ကျော့ရှင်းတဲ့အလှတရားတွေနဲ့ အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။