ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ပုရိသတွေရဲ့ အသည်းစွဲ sexy model တစ်ဦးဖြစ်တဲ့ နွယ်နွယ်ထွန်းကို သိကြမယ်ထင်ပါတယ်နော်...။ သူမဟာဆိုရင် ချစ်ဖို့ကောင်းတာဖြစ်ပြီး ဒီဇိုင်းဆန်းသစ်လှပတဲ့ အဝတ်အစားလေးတွေနဲ့ မြင်သူတကာကို ဆွဲဆောင်နိုင်တာဖြစ်ပါတယ်..။ sexy model တစ်ယောက်ဖြစ်တာမလို့ အတိုအပြတ်တွေဝတ်ဆင်လေ့ရှိပြီး အမြင်မရိုင်းဘဲ ချစ်ဖို့ကောင်းနေတာကို မြင်တွေ့ရမှာပါ...။

ရစ်ရစ်လို့ ပရိသတ်အများက ချစ်စနိုးနဲ့ ခေါ်လေ့ရှိတဲ့ နွယ်နွယ်ထွန်းဟာဆိုရင် ကြော်ငြာ၊ မဂ္ဂဇင်းတွေနဲ့ photo shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်...။ မြန်မာဝတ်စုံလေးတွေနဲ့ နန်းဆန်လှပတဲ့ သူမဟာဆိုရင် ဘုရားသွား ကျောင်းတက် ဘာသာရေးကိစ္စ တွေကိုလည်း အလေးထားသူတစ်ယောက်ပါနော်...။ အမဖြစ်တဲ့ မော်ဒယ် မိုးမြင့်သဇင်နဲ့အတူ ပရဟိတ လုပ်ငန်းတွေကို စိတ်ရော၊ ကိုယ်ပါနှစ်ပြီး လုပ်ကိုင်လေ့ရှိတာဖြစ်ပါတယ်...။

နွယ်နွယ်ထွန်းဟာ ခရီးသွား ဝါသနာပါသူပီပီ မြန်မာပြည်တွင်းသာမဟုတ်ပဲ၊ ပြည်ပခရီးတွေကိုပါ ထွက်လေ့ရှိတာဖြစ်ပါတယ်...။ ရစ်လေးက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ဘာလီကျွန်းပေါ်က အလှပုံရိပ်လေးတွေကို "ကိုကိုက အူတိုတတ်တာနဲ့ ရစ်ရစ်က ဝိုင်းဝိုင်းလည်နေတာနဲ့ တော့ခက်ပြီ.." ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official acc တွင် ထုတ်ဖော်ပြသထားတာကို myanmarload ပရိသတ်ကြီးလည်း သိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။