ဥပါယ်တံမျဉ်ဇာတ်ကားကြီးရဲ့မြန်မာ့ရုပ်ရှင်လောကကိုပရိသတ်တွေပိုစိတ်ဝင်စားလာအောင်ဦးဆောင်နိုင်ခဲ့တာကတော့ဇာဏ်ခီတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။သူတို့ရဲ့ရိုးသားကြိုးစားတဲ့စိတ်ဓာတ်လေးတွေကြောင့်ပရိသတ်တွေရဲ့အချစ်တွေကိုအပြည့်သိမ်းပိုက်ထားနိုင်ပြီးအောင်မြင်နေတဲ့သူတွေအဖြစ်ရပ်တည်နေတာပါ။

သူတို့ကတော့အနုပညာလှုပ်ရှားမှုတွေကိုတောက်လျောက်လုပ်ကိုင်နေပြီးပရိသတ်တွေကလည်းသူတို့ရဲ့အနုပညာတိုင်းကိုအားကြိုးမာန်တက်အားပေးနေကြတာပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးနေပြီးသူတို့ရိုက်ကူးတဲ့ဇာတ်ကားတိုင်းကလည်းပရိသတ်တွေကြည့်ဘူးတဲ့ကားနဲ့မတူတဲ့ရသမျိုးကိုပေးနိုင်တာကြောင့်ပရိသတ်အကြိုက်ဇာတ်ကားတွေဖြစ်ခဲ့ရပါတယ်။

သူတို့ကတော့အမြဲဖက်ရှင်ကျအောင်လည်းနေတက်တဲ့သူတွေဖြစ်ပြီးသူတို့ရဲ့အမိုက်စားဖက်ရှင်တွေကြောင့်ပွဲလေးတွေမှာလည်းအများဆုံးတက်ရောက်ပေးရတာပါ။ခုမှာလည်းနာမည်ကျော်ဒီဇိုင်နာမင်းသက်စံရဲ့ဖက်ရှင်showလေးမှာခီတို့ဇနီးမောင်နှံနှစ်ယောက်တက်ရောက်လာတာပါ။ဒီပွဲလေးကိုအမိုက်စားပုံရိပ်တွေနဲ့ပရိသတ်တွေစိတ်ဝင်စားအောင်တက်ရောက်လာတဲ့ခီမောင်နှံတို့ရဲ့ကြည်နူးစရာစတိုင်အပြည့်နဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Photo - Zenn Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။