ပရိသတ်တွေအမြဲအားကျပြီးချစ်နေရတဲ့စုံတွဲလေးကတော့လွှမ်းပိုင်နဲ့ Bobby Soxerတို့စုံတွဲလေးပဲဖြစ်ပါတယ်။သူတို့ကတော့လက်ရှိအနုပညာလောကမှာလည်းအောင်မြင်ကျော်ကြားနေတဲ့အနုပညာရှင်တွေဖြစ်ပါတယ်။သူတို့သီချင်းလေးတွေကလည်းလူငယ်ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်နေတာဖြစ်ပါတယ်။

သူတို့ကတော့လက်ရှိမှာသီချင်းသစ်တွေထွက်ရှိဖို့ကြိုးစားနေတာကြောင့်ပရိသတ်တွေနဲ့ဝေးနေတာဖြစ်ပါတယ်။ပရိသတ်တွေနဲ့ဝေးနေပေမယ့်လူမှုကွန်ရက်ကနေပရိသတ်တွေအတွက်သူတို့ပုံရိပ်လေးတွေအနုပညာလှုပ်ရှားမှုလေးတွေကိုတင်ပေးလေ့ရှိတာကြောင့်ပရိသတ်တွေနဲ့အနီးဆုံးမှာရှိနေတာပါ။ပရိသတ်တွေကလည်းသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုအမြဲအားပေးနေရင်းချစ်နေရတာပါ။

သူတို့ကခုဆိုပရိသတ်တွေအားကျအောင်လုပ်လိုက်ပြန်ပါပြီ။သူတို့ချစ်သူသက်တမ်းလေးကတော့ခုမှာ၁၀နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ဒီလိုနှစ်တွေကြာအောင်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတဲ့သူတို့စုံတွဲလေးကလည်းပရိသတ်တွေသာမကအနုပညာရှင်တွေအချင်းချင်းကတောင်အားကျနေရတာပါ။ခုမှာလည်းချစ်သူလေးရဲ့ပန်းစည်းလေးနဲ့တူတူချစ်စရာကောင်းပြီးကြည်နူးနေတဲ့ Bobby Soxerရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပြီးအားကျလိုက်ပါဦးနော်။

Photo- Hlwan Paing And Htet Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။