ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့တူတူပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တာကတော့မင်းသမီးချောလေးခင်ဝင့်ဝါပဲဖြစ်ပါတယ်။သူ့ရဲ့ရိုးသားဖြူစင်ပြီးမာနကင်းတဲ့စိတ်ဓာတ်လေးကပရိသတ်တွေရဲ့ရင်ထဲရောက်ပြီးအချစ်တွေပိုစေတာဖြစ်ပါတယ်။ သူမကတော့ယောက်ျားလေးမိန်းကလေးပရိသတ်တွေအခိုင်အမာရထားတာဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားရုံသာမကစိတ်ထားလေးကပါဖြူစင်တဲ့မင်းသမီးလေးဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်းမှာလည်းပီပြင်တဲ့ကာရိုက်တာတွေကြောင့်ပရိသတ်အားပေးမှုအခိုင်အမာရပြီးအောင်မြင်နေတာဖြစ်ပါတယ်။သူမရဲ့အလှပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေအနုပညာညီကိုမောင်နမတွေကလည်းပုံရိပ်လေးတွေတိုင်းမှာချစ်ခင်ပြီးစာသားလေးတွေနဲ့အချစ်ပိုနေရတာပါ။ ရိုးရိုးယဉ်ယဉ်လေးနဲ့လှတဲ့သူမက တော့အနေအေးပြီးအနုပညာလောကမှာ ပရိသတ်အခိုင်မာရကာ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ပရိသတ်တွေရဲ့ အသည်းကို ခြွေနိုင်သူလေးပဲဖြစ်ပါတယ်။

ပွဲအခမ်းအနားများလည်းတက်ရောက်လေ့ရှိတဲ့ခေးလေးကတော့ အခုတစ်ခေါက်မှာလည်း“ဒီဇိုင်းနာ ကိုကြီး မင်းသက်စံ"Sweet & Smart Fashion Collection" (၇) နှစ်ပြည့် အထိမ်းအမှတ် "Sweet & Smart Haute Couture & Luxury Bridal" show မှာ ပါဝင် အားဖြည့် ခဲ့ပါတယ်။

Congratulations

ကိုကြီး ဒီ့ထက် မက အောင် မြင် ပါစေ ” တဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်မှာဝေမျှထားတာပဲ ဖြစ်ပါတယ်။မြန်မာဝတ်စုံလေးနဲ့အရမ်းကိုလှလွန်းနေတဲ့ ခေးလေးခင်ဝင့်ဝါရဲ့ပုံရိပ်လေးတွေကိုအားပေးကြပါဦးနော်။

Photo - Khin Wint Wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။