အီတလီစီးရီးအေပြိုင်ပွဲမှာရလဒ်ကောင်းတွေရအောင်အမြဲစွမ်းဆောင်နိုင်ပြီးချန်ပီယံဆုကို၅နှစ်ဆက်တိုင်အမှတ်ပေးချန်ပီယံဆုကိုရယူပေးတဲ့နည်းပြအယ်လီဂရီကတော့ရာသီအကုန်မှာအသင်းကနေထွက်ခွာတော့မှာပါ။အသက်၅၁နှစ်အရွယ်ဂျူဗင်တပ်နည်းပြဟာ၂၀၁၄ခုနှစ်တည်းကဂျူဗင်တပ်အသင်းကိုကိုင်တွယ်လာတာဖြစ်ပြီးအောင်မြင်မှုတွေယူဆောင်ပေးတဲ့နည်းပြကောင်းတစ်ဦးပါ။

သူ့အသင်းကိုရောက်ရှိချိန်မှဂျူဗင်တပ်အသင်းဟာဝေးကွာနေတဲ့အောင်မြင်မှုတွေကိုပြန်လည်ရရှိခဲ့တာပါ။သူလက်ထက်မှာအကောင်းဆုံးကစားသမားတွေလည်းမွေးထုတ်ပေးခဲ့ပြီးအသင်းကိုဥရောပမှာအင်အားကြီးအသင်းတစ်ခုဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ဒီနှစ်ဘောလုံးရာသီမှာလည်းရော်နယ်ဒိုလိုကစားသမားကိုအသင်းအတွက်ဝယ်ယူနိုင်ခဲ့ပေမယ့်ချန်ပီယံလိဒ်မှာတော့ကျရှုံးခဲ့ရပါတယ်။

ခုလည်းအီတလီစီးရီးအေပြိုင်ပွဲတွေပြီးဆုံးဖို့ကျန်သေးတဲ့အချိန်မှာစောစောစီးစီးအမှတ်ပေးဖလားကိုအမှတ်ဖြတ်ပြီးယူပေးနိုင်ခဲ့တာပါ။ဂျူဗင်တပ်အသင်းဟာခုမှာဆိုရင်တော့အောင်မြင်မှုတွေဆက်တိုက်ရယူပေးခဲ့တဲ့နည်းပြကောင်းတစ်ဦးကိုတော့ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ပရိသတ်တွေလည်းစိတ်မကောင်းတွေဖြစ်နေပေမယ့်ဘယ်သူဂျူဗင်တပ်နည်းပြဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။