သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ အရွယ်တင်နုပျိုလှပပြီး ခေတ်နဲ့လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခင်ဇာခြည်ကျော်က အပျိုလေးတွေကတောင် ပြန်ငေးရလောက်အောင် လှနိုင်လွန်းတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လုပ်ကိုင်နေဆဲဖြစ်တဲ့ ခင်ဇာခြည်ကျော်က သားတစ်ယောက်၊ သမီးတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ပေးနေတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခင်ဇာခြည်ကျော်က ဘာလီကျွန်းကို အလည်အပတ် ခရီးထွက်ခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ ကဆုန်လပြည့်နေ့မှာတော့ ခင်ဇာခြည်ကျော်က မိသားစုနဲ့အတူ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်တို့မိသားစုလေးက ဗုဒ္ဓပူဇနိယပွဲတော်မှာ သံဃာတော်အပါး (၆၀)စာအတွက် နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်က '' ၁၃၈၁ ခုနှစ် ကဆုန် လပြည့် နေ့နှစ်စဉ် နှစ်တိုင်း ညောင်ဝိုင်း ကျေးရွာ အုပ်စု မိဂဒါဝုန် ကျောင်း ဝင်း အတွင်း ကျွန်မ တို့မိသားစု အုတ်မြစ်ချ တည် ထား ကိုး ကွယ် တဲ့" အနန္တဇိန ဇေတီတော် "အား ဗုဒ္ဓပူဇနိ ယပွဲ တော် ပြု လုပ်၍ သံ ဃာ တော် အပါး ၆၀ ကို နေ့ဆွမ်း ဆပ်ကပ် လှူ ဒါန်း ခဲ့ ပါတယ်...၁၈. ၅. ၂၀၁၉'' ဆိုပြီး အလှူပုံလေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သာဓုခေါ်ချင်စရာကောင်းတဲ့ ခင်ဇာခြည်ကျော် တို့မိသားစုလေးရဲ့ အလှူပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khin Zar Chi KyawZar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။