လှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူလေး အိချောပိုတစ်ယောက် သူမသရုပ်ဖော်ရမယ့် ရေသူမဇာတ်ရုပ်အတွက် အများကြီးပြင်ဆင်လေ့ကျင့်နေခဲ့တာပဲဖြစ်ပါတယ်။ ဆံပင်အရောင်ကိုလည်း ရေသူမပုံစံဖြစ်အောင် ပြောင်းလဲခဲ့ပြီး ရေသူမဝတ်စုံကိုဝတ်ကာ ရေအောက်မှာလည်း ကူးခတ်ခဲ့ပါ သေးတယ်။ အနုပညာသမားပီပီ သဏ္ဍာန်လုပ်သရုပ်တူအောင် သူမက အပြတ်အသတ် လေ့ကျင့်နေတာပဲဖြစ်ပါတယ်။ 

ဒီနေ့မှာလည်း စူစူတစ်ယောက် ရေသူမဝတ်စုံလေးနဲ့ ကမ်းခြေနဲ့ ကျောက်ဆောင်တွေထက်မှာ အလှပဆုံးပုံရိပ်တွေကို မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်။ ဒီလောက်ချစ်စရာကောင်းတဲ့ မြန်မာပြည်က ရေသူမလေး ဒီတစ်ခါပဲမြင်ဖူးသေးတယ်နော်။ ပရိသတ်တွေရှေ့ကို ဒီဇာတ်ကားလေးရောက်လာရင် လည်း တကယ့်ကိုစိတ်ဝင်စားစရာကောင်းမယ့် ဇာတ်ဝင်ခန်းတွေပါမယ်ဆိုတာ အသေအချာပါပဲ။ 

သူမရဲ့ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပုံရိပ်လေးတွေကို " 'She is a mermaid, But approach her with caution. Her mind swims at a depth most would drown in.' " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ လှရက်နိုင်လွန်းတဲ့ မြန်မာပြည်ဖွားရေသူမလေးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Li John Lji

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။