ဒီသတင်းကတော့ ထက်ထက်မိုးဦး ရဲ့ ချစ်ပရိသတ်တွေကတော့ သတင်းကောင်းတစ်ခုပါပဲ။

မြန်မာပြည်ရဲ့ နံပါတစ်ကြော်ငြာမင်းသမီး ၊ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်ဖြစ်တဲ့ မထက်ဟာ စိုင်းလွှမ်းနဲ့ အိမ်ထောင်ကျပြီးနောက် သမီးလေးစစ်လွန်းကို ပိုင်ဆိုင်ပြီးနောက်မှာ အနုပညာလောကနဲ့ အဆက်သွယ်ပြတ်နေခဲ့တာအတော်လေးကြာခဲ့ပါပြီ။

ဒါပေမယ့် မထက်ကို ချစ်တဲ့ အမာခံပရိသတ်တွေက တစ်နိုင်ငံလုံးက လိုုလိုဖြစ်နေတော့ မထက်သာ အနုပညာအလုပ်တွေ အရင်ကလို ပြန်လှုပ်ရှားတော့မယ်ဆိုရင် အားလုံးပျော်မိကြမှာပါ။

“အစတုန်းကတော့ သမီးလေးမွေးပြီးတော့ ထက်ထက်နည်းနည်းဝသွားတာလေးရယ် ပြီးတော့ သမီးကျောင်းမနေသေးတော့ (၂)နှစ် (၃)နှစ်ကျတော့လည်း သမီးက အရမ်းဆော့တဲ့အရွယ် (၁)နှစ် (၂)နှစ်တုန်းကကျတော့လည်း သူ့ကိုအမေက ထက်ချက်မကွာ ကိုယ်ကပြုစုချင်သေးတာပေါ့နော် ခုချိန်ထိလည်း သူ့ကို ချက်ပြုတ်ကျွေးမွေးနေတုန်းပါပဲ 

ဒါပေမယ့် ခုကျတော့ သူကျောင်းသွားတဲ့အချိန်ကျတော့ ကိုယ်က ရှုတင်သွားလိုရပြီလေ သူလည်း (၆)နှစ်ထဲရောက်ပြီဆိုတော့ ထက်ထက် အလုပ်ပြန်လုပ်ပြီ””လို့ Myanmar Celebrity က အင်တာဗျုးစဉ် ရေမွှေးကြော်ငြာရိုက်ကွင်းမှာ ပြောကြားခဲ့ပါတယ်။

ကဲပရိသတ်ကြီးရော ဝမ်းမသာဘူးလား ။ ထက်ထက်ကို အရင်လို အားပေးအုံးမှာလား ။

သတင်းအရင်းမြစ် Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။