အဆိုတော် အာဇာနည်ကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ အောင်မြင်မှုအရဆုံး အဆိုတော်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ တေးသီချင်းများစွာကို ရေးစပ်အောင်မြင်ခဲ့တဲ့ အာဇာနည်က ယနေ့ထိတိုင်အောင် သူချစ်တဲ့ဂီတအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အဖေတူသားလေးနှစ်ယောက်နဲ့အတူ ချစ်စရာကောင်းတဲ့ ဇနီးချောလေးလေးကို ပိုင်ဆိုင်ထားတဲ့ အာဇာနည်က ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ရရှိထားပါတယ်။

ဒုတိယမြောက်သားလေးကို ရရှိပိုင်ဆိုင်လိုက်ပြီ ရာထူးတိုးသွားခဲ့တဲ့ တေးသံရှင်အာဇာနည် ကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။သားလေး နှစ်ယောက်ကလည်း အရမ်းကိုချစ်ဖို့ကောင်းတာကြောင့်ပရိသတ်တွေရဲ့ အသဲကျော်လေးတွေဖြစ်လို့နေပါတယ်

i

ယနေ့မှာတော့ အာဇာနည်တို့မိသားစုလေးဟာ မိသားစုကြော်ငြာလေးကို ပျော်ရွှင်စွာရိုက်ကူးနေခဲ့ပါတယ်။ အာဇာနည်ကတော့ " မိသားစု ကြော်ငြာ ရိုက်ဖြစ်တယ် ဘာကြော်ငြာဖြစ်မလဲ ??

Brand က ကျွန်တော်တို့ ငယ်ငယ်လေးထဲက အရမ်း နံမည်ကြီးတဲ့ Brand ပဲ တကယ်လဲ အရည်အသွေးမြင့်ပြီးကြာရှည်ခံတယ် နော် "ဆိုပြီးချစ်စရာကောင်းလွန်းတဲ့ပုံလေးတွေနဲ့ အတူ ရေးသားထားခဲ့ပါတယ်။

source:အာဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။