ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင်တို့ တန်ဖိုးထားရတဲ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့လေးပဲ ဖြစ်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ အချိန်အခါနေ့လေးမှာတော့ လူတိုင်းလူတိုင်းက အလှူအတန်းတွေ ပြုလုပ်ပြီး ကုသိုလ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။ မင်းသမီးချောလေး ခင်ဝင့်ဝါကလည်း လပြည့်နေ့အလှူအဖြစ် ဘုရားမှာ အအေးစတုဒီသာအလှူကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနေတာ ဖြစ်ပါတယ်။ 

မြန်မာဝတ်စုံလေး ဝတ်ဆင်ပြီး ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ထားတဲ့ ခင်ဝင့်ဝါလေးက အရမ်းကို ကျက်သရေရှိရှိ လှနေတာ တွေ့ရပါတယ်။ ခင်ဝင့်ဝါက ဘုရားဖူးဖို့နဲ့ ကဆုန်ညောင်ရေသွန်းဖို့ ဗိုလ်တထောင်ဘုရားကို အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ ဧည့်သည်တွေကို အအေးနဲ့ဒါနပြုခဲ့တာ ဖြစ်ပါတယ်။ များပြားလှတဲ့ ဘုရားဖူးဧည့်သည့်တွေကို ခင်ဝင့်ဝါက မမောနိုင် မပန်းနိုင် အအေးဒါနပြုနေတာပဲ ဖြစ်ပါတယ်။

အအေးစတုဒီသာအလှူ ပြုနေတဲ့ ခင်ဝင့်ဝါက သူမကိုချစ်တဲ့ပရိသတ်တွေနဲ့အတူ အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ ဖြူစင်မွန်မြတ်လှပြီး စေတနာသဒ္ဓါတရား ထက်သန်တဲ့ ခင်ဝင့်ဝါရဲ့စိတ်ထားလေးကတော့ အရမ်းကို ချီးကျူးချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဗိုလ်တထောင်ဘုရားမှာ အအေးစတုဒီသာပြုနေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: 7th Sense Creation;

Photo Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။