ပရိသတ်ကြီးရေ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အေးချမ်းတဲ့မျက်နှာလေးနဲ့ စိတ်ထားကောင်းဖော်ရွေသူလေးမို့ လူချစ်လူခင်ကတော့ ပေါများပါတယ်နော်။စိုးပြည့်က မကြီးစိုးနဲ့မကြီးဒါဒါတို့ရဲ့ ခြေရာကို တစ်ထပ်တည်းလိုက်နင်းနိုင်ပြီး အိုင်တင်အရမ်းကောင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။စိုးပြည့်က မာန်မာနမရှိဘဲ အပြုံးချိုချိုလေးတွေနဲ့ အရမ်းချစ်စရာကောင်းသူလေးပါ။

စိုးပြည့်ကိုပရိသတ်တွေက သူမဆယ်ကျော်သက်အရွယ်ကတည်းက အားပေးလာကြပြီး ယနေ့ချိန်ထိ တစ်ခဲနက်အားပေးနေဆဲဖြစ်ပါတယ်။စိုးပြည့်က အသက်လေးငယ်သေးပေမယ့် အလုပ်ကိုကြိုးစားတဲ့သူတစ်ယောက်ဖြစ်လို့"မိုးညအိမ်မက်မြူ"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားပါသေးတယ်။စိုးပြည့်ရဲ့ သရုပ်ဆောင်ချက်အိုင်တင်တိုင်းက ကျရာဇာတ်ရုပ်ကို ပီပြင်လို့ ပရိသတ်အကြိုက်နဲ့ထပ်တူညီခဲ့ပါတယ်။

စိုးပြည့်က လက်တလောမှာ ဇာတ်လမ်းတွဲလည်း ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်။စိုးပြည့်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေက ပရိသတ်ကိုပို၍အချစ်တိုးစေပါတယ်နော်။အခုဆိုရင်လည်း စိုးပြည့်က အိမ်နေရင်းဝတ်စုံလေးနဲ့တောင် အေးချမ်းစွာလှနေပါတယ်။ရိုးရှင်းတဲ့သူမအလှလေးက တစ်မျိုးလေးချစ်စရာကောင်းပြီး အေးချမ်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။