ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကိုတော့ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိလာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ယခုအချိန်မှာ အနုပညာအလုပ်တွေသိပ်မလုပ်တော့ပင်မဲ့ ပရိသတ်တွေကတော့ချစ်ခင်နေကြဆဲပါ။ 

ဂီတလောကမှာရော သရုပ်ဆောင်လောကမှာပါ ပရိသတ်ချစ်ခင်မှုကိုရရှိထားတဲ့ နန်းမြတ်ဖြိုးသင်းတစ်ယောက်ကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကြောင့်အရမ်းကိုလှလာသူလေးလည်း ဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းသည်တာတာမျိုးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ အိမ်ထောင်ရေးကိုရရှိပိုင်ဆိုင်ထားတာပါ။ မကြာခင်ကလည်း သူမတို့နှစ်ယောက်ရဲ့ဘဝလေးကို သားဦးလေးJack Jack ကဝင်ရောက်လာခဲ့ပါပြီ။ 

သားဦးလေးဖြစ်တဲ့အတွက် နှစ်ဖက်အဖိုး၊အဖွားများအပြင် ခင်မင်သူများကပါ ချစ်မဝဖြစ်နေတာပါ။ Jack Jack လေးရဲ့ပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကိုလည်း မေမေနန်းမြတ်ကတင်ပေးလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း “ သူ့အဖေချီရင် သဘောတွေကျနေတာ.... ဟွင်း မပြောချင်ဘူး ” ဆိုပြီး မနာလိုတဲ့ပုံလေးနဲ့သူမရဲ့Facebook mydayလေးမှာတင်ထားတာပါ။ပရိသတ်ကြီးလည်း Jack Jack ရဲ့ပုံရိပ်လေးကိုအားပေးကြပါဦးနော်။

Photo - Nann Myat Phyo Thinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။