သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေး သုံးယောက်နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့ ဂရုစိုက်မှုတွေကို ရရှိထားတဲ့ နန္ဒာလှိုင်က လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေကိုသာ အာရုံစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မင်းသမီးချော နန္ဒာလှိုင်ကို အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမယ့်လည်း ဆက်လက်အားပေးနေကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နန္ဒာလှိုင်က သမီးလေး ဇေဝတီရဲ့ အသက် (၁၀) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် အလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အလှူအတန်းရက်ရောတဲ့ နန္ဒာလှိုင်တို့မိသားစုလေးက အဘိုး၊အဘွား (၂၀၀) ဦးအတွက် လက်ဆောင်ပစ္စည်းခြင်းတွေနဲ့ ငွေသားတွေ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အဘိုး၊အဘွားတစ်ယောက်ချင်းစီအတွက် တစ်ဦးလျှင် (၅၀၀၀၀)ကျပ်စီ ပေးအပ်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

အခုလည်း နန္ဒာလှိုင်က '' ကျိုက်ထီးဆောင်းဘုရားကြီးတွင် သမီးဇေဝတီလှိုင် ၏ ၁၀ နှစ်ပြည့် အမှတ်တရအဖြစ် အဘိုးအဘွား (၂၀၀) ဦးကို လက်ဆောင်ပစ္စည်းခြင်းနှင့် ငွေသား စုစုပေါင်း တစ်ဦးလျှင် ၅၀၀၀၀ နှုန်း ပေးအပ်လှူဒါန်းခဲ့ပါသည်'' ဆိုပြီး အလှူပုံရိပ်တွေကို တင်ပေးထားပါတယ်။ နန္ဒာလှိုင်တို့မိသားစုရဲ့အလှူကြီးကတော့ တကယ့်ကို သာဓုခေါ်ချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန္ဒာလှိုင်တို့မိသားစုလေးရဲ့ အလှူပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nandar Hlaing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။