မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)၊ မြန်မာဘောလုံး အကယ်ဒမီ (ပုသိမ်)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ကျောင်းသားသစ်များ ရွေးချယ်ခြင်းကို ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တွင် ကျင်းပသွားလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ၁၄၊ ယူ၁၂ ပြိုင်ပွဲများမှ ပဏာမ ရွေးချယ်ခံထားရသည့် ကစားသမားများနှင့် အခြား ဒေသများမှ လူငယ်များ လာရောက် အရွေးချယ်ခံလျက် ရှိပါတယ်။

အဆိုပါ ကစားသမားများအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာ ဦးညီညီလတ်တို့ ဦးဆောင်သည့် နည်းစနစ်အဖွဲ့၊ နည်းပြအဖွဲ့ဝင်များနှင့်အတူ ရွေးချယ်လျက် ရှိကြပြီး မနက်ဖြန် မေလ ၁၈ ရက်နေ့အထိ လူရွေးချယ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါတယ်။

မြန်မာ ဘောလုံးအကယ်ဒမီများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုသိမ် တို့အတွက် ရွေးချယ်ခံရသည့် အပြီးသတ် ကစားသမား စာရင်းကို လူရွေးချယ်မှုများ ပြီးစီးသည်နှင့် ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါတယ်။

source:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။