ယာဉ်တိမ်းမှောက်မှုတွေထဲမှာ ကိုယ်ဘက်က အမှားနဲ့ တိမ်းမှောက်မှုတွေရှိသလို တဖတ်သူရဲ့ အမှားကို ရှောင်ရင်းတိမ်းမှောက်မှုတွေကလည်း မရေမတွက်နိုင်အောင်ရှိပါတယ်။ မေလ ၁၇ရက်နေ့ မကြာသေးမီကလည်း ပြည်တွင်း ခရီးသည် Express ယာဉ်တစ်စီး ချောင်းထဲသို့ တိမ်းမှောက်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကတော့ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နဲ့ ဖျာပုံမြို့အကြားက ချောင်းကူးတံတားမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး " မေ ၁၇ ရက်နေ့က ဘိုကလေး-လှိုင်သာယာပြေးဆွဲနေတဲ့ နိုင်အောင်ကျော် ခရီးသည်တင်ယာဉ် ချောင်းထဲ ထိုးကျ တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့" အဲဒီနေရာရောက်ရှိခဲ့တဲ့ ခရီးသည် ကိုတိုးအောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ချောင်းထဲ တိမ်းမှောက်သွားတဲ့ အဲဒီယာဉ်ကို မေ ၁၈ ရက်နေ့ ဒီကနေ့မှာ ဆယ်ယူမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ပျက်ဆီးဆုံရှုံးမှုတွနဲ့ အတူ ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့တဲ့ အဆိုပါဖြစ်စဉ်ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Photos.- DVb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။