ချစ်ပရိသတ်ကြီးရေ....Miss Myanmar World 2016 Winner တစ်ယောက်ဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် Bella ကိုသိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ချစ်ဖို့ကောင်းတဲ့ အပြုံးချိုချိုမျက်နှာထားလေးကြောင့်တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။ အနုပညာလောကထဲကို မကြာသေးမီကမှ ဝင်ရောက်လာတယ်ဆိုပေမဲ့ သူမရဲ့ အလှအပတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ပုရိသတို့ရဲ့ အသည်းနှလုံးကို ချုပ်ကိုင်ဖမ်းစားနိုင်တာဖြစ်ပါတယ်။

Bellaကို ကြည့်လိုက်လျှင် အမြဲပြုံးရွှင်နေပြီး ရင်ထဲကလာတဲ့အပြုံးတွေကြောင့် သူမကိုမြင်တွေ့ရတဲ့ လူအပေါင်းတို့ဟာလည်း လန်းဆန်းတက်ကြွသွားမှာ ဧကန်မလွဲပင်ဖြစ်ပါတယ်။ ခေတ်ဆန်ဆန် ဝတ်စားဆင်ယင် သွက်သွက်ချာချာ ပြုမူနေထိုင်တက်ပြီး သူငယ်ချင်းတွေကိုလည်း စိတ်ရောကိုယ်ပါ ခင်မင်ပေါင်းသင်းတက်သူတစ်ယောက်ဖြစ်ပါတယ်။

Bella ဟာပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "မင်းအတွက်ဆို ..." ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။

Source Bella Myat Thiri Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။