ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အရမ်းကြည်နူးဖို့ကောင်းတဲ့ ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့မိသားစုလေးက သာယာစိုပြေတဲ့မိသားစုလေးပါနော်။ဇင်သဲနိုင်နဲ့ပိုင်ဇေရဲထွန်းက အသက်အရွယ်လေး နည်းနည်းကွာဟပေမယ့် အချစ်တွေကနီးစပ်ခဲ့ကြလို့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ကြာ အပြန်အလှန်နားလည်မှုတွေနဲ့ အရမ်းချစ်ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ သမီးနဲ့သားနှစ်ယောက်ကလည်း အရွယ်ရောက်လာပြီဖြစ်လို့ မိသားစု၅ယောက်က မောင်နှမတွေလိုဖြစ်နေကြပါတယ်။

ပိုင်ဇေရဲထွန်းကလည်း ချစ်ဇနီးလေးဇင်သဲနိုင်အပေါ် ဂရုစိုက်မှုတွေ ကြင်နာယုယမှုတွေနဲ့ အရမ်းချစ်ပြီး မျက်နှာလေးတစ်ချက်မညှိုးအောင် ထားတာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်က ပွဲအခမ်းအနားတွေကိုလည်းအတူတူတက်ရောက်ပြီး မြင်သူတကာငေးရလောက်အောင် လိုက်ဖက်ညီတဲ့အတွဲလေးဖြစ်ပါတယ်။သားသမီးတွေကိုလည်း လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ ပိုင်ဇေရဲထွန်းတို့မိသားစုက သားသမီးတွေနဲ့အတူ Shopping ထွက်လာကြပါတယ်။ဇင်သဲနိုင်က"ကျောင်းဖွင့်ချိန်တွေနီးလာပြီဆိုတော့ မေမေ့သဲလေးတွေနဲ့ ဒီနေ့ Ocean မှာ shopping ထွက် ကျောင်းပြန်ဖွင့်ချိန်တိုင်း ကျောပိုးအိတ်အသစ်၊ စာရေးကိရိယာအသစ်တွေနဲ့မှ ကျောင်းတက်ချင်တဲ့ မေမေ့သဲလေးတွေတော့ Ocean မှာ သူတို့လိုချင်တာတွေ တစ်နေရာတည်းမှာ အစုံရှိတော့ ပျော်ပြီးအကုန်ဝယ်နေလိုက်ကြတာ"ဆိုပြီး မိသားစု၅ယောက်ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။