Miss Myanmar 2012 winner ဆုရှင်ဖြစ်တဲ့ နန်းခင်ဇေယျာဟာဆိုရင် ပုရိသတို့စွဲမက်ဖွယ်ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး စကားပြောဟန်ပြေပြစ်ချိုသာတာလည်းဖြစ်ပါတယ်။ မော်ဒယ်လ်သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်တွေရဲ့တစ်ခက်နက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သဘောထားပွင့်လင်းသူဖြစ်ပြီးချစ်စရာအမူအရာလေးတွေကြောင့်လည်း ယောက်ျားလေးပရိသတ်တွေသာမက၊ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာကိုတွေ့ရမှာပါ...။

ရေကူးဝါသနာပါသူဖြစ်ပြီး ရေကူးကန်ထက်က ဆွဲဆောင်မှုရှိလှသောအလှပုံရိက်လေးတွေကိုလည်း မကြာခဏဆိုသလို မြင်တွေ့ရမှာပါ။ ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်တက်ပြီး မြန်မာဝတ်စုံလေးတွေနဲ့လည်း ရိုးရိုးယဉ်ယဉ်လှပနေသူတစ်ယောက်အဖြစ် တွေ့ရှိရမှာပါ..။ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ဆော့လေ့ရှိသူဖြစ်ပြီး ကစားနေတဲ့ဆွဲဆောင်မှုရှိရှိ အမိုက်စားပုံရိပ်တွေကိုလည်း ပရိသတ်တွေကြည့်ရှုခံစားရအောင် အမြဲပြသလေ့ရှိတာဖြစ်ပါတယ်...။

နန်းခင်ဇေယျာဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "Ystone Fashion" ပွဲသို့ ဝိုင်းလေး၊ နန်းစန္ဒာလှထွန်း၊ အေးမြတ်သူ၊ မကြီးစန်းစတဲ့ အနုပညာ ညီအမများနဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး အမှတ်တရ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာပါနော်..။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Nang Khin Zay Yar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။