အနုပညာလောကထဲမှာ ပရိသတ်တွေသတိထားမိလာတဲ့ ဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ပြီး အနုပညာလောကထဲကိုဝင်ရောက်လာတာပဲဖြစ်ပါတယ်။ဖြူဖြူထွေးက သူမရဲ့အနုပညာကြေးလေးတွေနဲ့ မိသားစုကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်။ဖြူဖြူထွေးက မိဘတွေကို ကားဝယ်ပေးပြီးတဲ့အပြင် အခုဆိုရင်အိမ်တောင်ဆောက်နေပါပြီနော်။

ဖြူဖြူထွေးကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို အရမ်းလုပ်လာရတဲ့ တက်သစ်စအနုပညာရှင်လေးပါ။ကြော်ငြာတွေအများကြီးလည်း လက်ခံရိုက်ကူးနေသလို ဇာတ်ကားတွေကိုလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကလည်း အခုနောက်ပိုင်းမှာ ပိုပြီး အားပေးလာကြတာကိုတွေ့ရပါတယ်။ဖြူဖြူထွေးက tiktok လေးတွေ ရိုက်ရတာလည်း ဝါသနာပါသူတစ်ယောက်ဖြစ်လို့ သူမကတော့ ဒီဇိုင်းကာလာအမျိုးမျိုးချိန်းပြီး အသစ်အဆန်းတွေကို ပရိသတ်တွေကို ဖော်ပြနေတာဖြစ်ပါတယ်။

ဖြူဖြူထွေးက သူမရဲ့ရွာမှာလည်း တတ်နိုင်သလောက်အလှူလေးတွေကို အမြဲတမ်းလုပ်နေကျဖြစ်ပါတယ်။ဖြူဖြူထွေးကို တစ်ရွာလုံးကလည်း ချစ်ကြသလို ကလေးတွေကလည်း အရမ်းချစ်ကြပါတယ်။အခုဆိုရင်လည်း ဖြူဖြူထွေးက လပြည့်နေ့လေးမှာ"ကဆုန်လပြည့်နေ့ ဗုဒ္ဓခြေတော်ရာ ဘုရား ဒီနေ့ရဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ"ဆိုပြီး ရေးသားထားပါတယ်။လပြည့်နေ့လေးမှာ ကုသိုလ်တွေယူခဲ့ပြီး အေးချမ်းနေတဲ့သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။