ပရိသတ်ကြီးရေ.. ချစ်သက်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ချင်းတိုင်းရင့းသူလေး သက်မွန်မြင့်ကတော့ ပရိသတ်တွေရဲ့ အသည်းကျော် အကယ်ဒမီသရုပ်ဆောင် မင်းသမီးချော တစ်ဦးပါပဲ..။

ရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေအပြင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကလည်း ပရိသတ်တွေရ့ အချစ်တွေကို သိမ်းပိုက်ထားကြတာ တွေ့ရပါတယ်..။

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ချစ်သက်လေးတို့မိသားစုကတော့ ကဆုန်လပြည့်နေ့လေးမှာလည်း မိသားစုလိုက် မနက်စောစောထပြီး ကောင်းမှုကုသိုလ်လေးတွေ အတူပြုလုပ်ခဲ့ကြပါသေးတယ်..။

အားချစ်နဲ့ လဝန်းမေတို့ သားသားမီးမီးလေးတွေကပါ မိသားစုလိုက် မနက် အစောကြီး (၅)နာရီထကာ ဘုရားသွားကောင်းမှုလေးတွေပြုလုပ်ပြီး ကဆုန်ညောင်ရေသွန်းပွဲတော်လေးကိုလည်း အတူပါဝင်ဆင်နွဲှခဲ့ကြတာ ဖြစ်ပါတယ်..။

ချစ်သက်လေးကတော့ သူမတို့ရဲ့ မိသားစုကုသိုလ်ယူပုံရိပ်လေးတွေကိုလည်း "ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့!

ဆရာတော့်မွေးနေ့!

မနက် ၅ နာရီကစပြီး ငါးထပ်ဗိမ္မာန်ကို ပတ်ပြီးဘုရားစာရွတ်ရတယ်.. ဒီနှစ်တော့ ညောင်ရေလည်းသွန်းရတယ်

သတ္တဝါအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ.." ဆိုပြီး ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

ချစ်ရတဲ့ ပရိသတ်တွေအတွက် ချစ်သက်လေးက အခုလို ပြန်လည်မျှဝေထားတာမို့ အားလုံးပဲ သာဓုခေါ်ကုသိုလ်ယူရင်း ဆုတောင်းစကားလေးတွေနဲ့အတူ ကြည်နူးမိစေမှာပါနော်..။

Photo - သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။