ကော့သောင်းက ဖျော်ဖြေပွဲတစ်ခုမှာ နန်းဆုတို့ချစ်သူနှစ်ယောက်နဲ့အတူ ဖျော်ဖြေရမယ့် ပိုပိုတစ်ယောက် ပင်လယ်နဲ့နီးတဲ့မြို့ဖြစ်လို့ ပင်လယ်စာတွေကို သုံးယောက်သား ခင်မင်ရသူတွေနဲ့အတူတူ တစ်ဝကြီးစားနေကြတာပဲ ဖြစ်ပါတယ်။ စားချင်စဖွယ်ကျောက်ပုဇွန်ကြီးက ပင်လယ်စာချစ်သူတိုင်းကို အပြတ်အသတ်ဆွဲဆောင်လို့နေပါတယ်။ 

G-Fatt၊ နန်းဆုနဲ့ ပိုပိုတို့သုံးယောက်အတူတူဖျော်ဖြေမယ့် ဒီပွဲကြီးဟာ ကိုယ်စီပရိတ်တွေအားလုံး မျှော်လင့်နေတာပဲဖြစ်ပါတယ်။ သုံးယောက်အတူတူ မဖျော်ဖြေခင်မှာ ပင်လယ်စာတွေစားပြီး အားဖြည့် နေကြပုံပါပဲ။ ကိုယ်စီအောင်မြင်သူတွေဖြစ်ကြပြီး ပရိသတ်ကိုယ်စီနဲ့ ပျော်စရာကောင်းမယ့် ပွဲကြီးဖြစ်တာမို့ အဆိုတော်တွေလည်း တက်ကြွလို့နေပါတယ်။ 

သုံးယောက်အတူတူ ခင်မင်ရသူတွေနဲ့စားကြတဲ့ ပုံရိပ်တွေကို " စားချင်တာတွေ လိုက်ကျွေးတော့ ပျော်တာပေါ့ ကျေးဇူးပါနော် ဒီည ကော့သောင်းမှာ သီချင်း အများကြီးနဲ့ ဖျော်ဖြေပါမယ် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သွားရည်ကျချင်စရာ ပင်လယ်စာဝိုင်းကြီးနဲ့အတူ ပရိသတ်အချစ်တော်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်တယ်နော်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။