ပရိသတ်ကြီးရေ.. ထိပ်ထားလေးလို့ ချစ်စနိုးခေါ်ကြတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်သမီးချောလေး ထိပ်ထားသခင်ကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေထဲ တစ်ဦးပါပဲ..။

တီတီတာတာ စကားပြောဟန်လေးတွေနဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်လာသူလေးဆိုလည်း မမှားပါဘူး..။

ကလေးပီပီ စိတ်ထဲ ရှိတာကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး ချစ်စရာ အမူအယာ နဲ့ အိုက်တင်လေးတွေကို မကြောက်မရွံနဲ့ ကင်မရာတွေရှေ့ လုပ်ပြတတ်တာမို့ ပရိသတ်တွေက အမြဲအသည်းယား အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်နော်..။

လတ်တလောမှာလည်း ထိပ်ထားလေးတစ်ယောက် ရာသီဥတုအရမ်းပူလို့ ရေပဲစိမ်နေတယ်ဆိုပြီး ရေကူးကစားနေတဲ့ ချစ်ပရိသတ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အသည်းယားစေပြန်ပါတယ်နော်..။

"ရာသီဥတုကပူတော့ ရေစိမ်နေတာပဲကောင်းပါတယ်.." ဆိုပြီး ထိပ်ထားလေးရဲ့ ရေကူးပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေထားတာပါနော်..။

ထိပ်ထားလေးရဲ့ ချစ်စရာကောင်းပြီး အသည်းယားအောင် လုပ်နိုင်လွန်းတဲ့ ရေကူးပုံရိပ်လေးတွေကတော့ ချစ်စဖွယ်လေးမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

Photo - ထိပ်ထားသခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။